Tags : ကချင်ပြည်နယ်

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မိုးကောင်းမြို့နယ်အတွင်း မိုးကောင်းနှင့် နမ္မတီးမြို့များ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်

မိုးကောင်း      ဇူလိုင် ၉           ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ပြည်နယ်ကောင်စီအဖွဲ့ ဝင် ဦးမျိုးဆွေနှင့်အတူ မိုးကောင်းမြို့နယ်အတွင်း မိုးကောင်းနှင့် နမ္မတီးမြို့တို့၌ စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပြီး မြို့များဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်နေမှုကို ဇူလိုင် ၉ ရက် နံနက် ၈ နာရီတွင် သွားရောက်ကွင်းဆင်းစစ်ဆေး ခဲ့ကြသည်။           ရှေးဦးစွာ မိုးကောင်းမြို့၊ မြို့တော်ခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ များ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာများ နှင့် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများက မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှု နှင့် ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများ၊ ပြည်နယ်ရန်ပုံငွေ ဖြင့်ဆောင်ရွက်သွားမည့်စီမံကိန်းလုပ်ငန်းအခြေအနေများနှင့် ရပ်ကွက်/ကျေးရွာများအတွင်း လမ်း၊ တံတား၊ စိုက်ပျိုးရေရရှိရေး၊ ရေနှုတ်မြောင်းများနှင့် ကျောက်စီရေထိန်းနံရံများ ဆောင်ရွက်ပေးရေး စသည့်လိုအပ်ချက်များကို တင်ပြကြရာ […]ဆက်လက်ဖတ်ရှူရန်

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြည်နယ်လက်ရွေးစင် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးအသင်းလေ့ကျင့်နေမှုကို သွားရောက်ကြည့်ရှုအားပေး

မြစ်ကြီးနား     ဇူလိုင် ၉           ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ပြည်နယ်ကောင်စီအဖွဲ့ ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပြည်နယ်ပြည်သူ့အားကစားကွင်းအတွင်း ပြည်နယ် လက်ရွေးစင် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးအသင်း လေ့ကျင့်နေမှုကို ဇူလိုင် ၈ ရက် ညနေ ၄ နာရီခွဲတွင် သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။           အသက်(၂၅)နှစ်အောက် ခရိုင်ပေါင်းစုံအမျိုးသမီးဘောလုံးပြိုင်ပွဲကို ပြည်နယ်ပြည်သူ့အား ကစားကွင်းအတွင်း၌ ဇွန် ၁၀ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဘောလုံးပြိုင်ပွဲတွင် သွားရောက်ယှဉ်ပြိုင်ရန် လူရွေးခဲ့ရာ အဆိုပါ လက်ရွေးစင်အမျိုးသမီး ဘောလုံးအသင်းကို ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ စခန်းသွင်းလေ့ကျင့်ပေးလျက် ရှိရာ လက်ရွေးစင်အသင်းဟောင်းနှင့် ယှဉ်ပြိုင်လေ့ကျင့်ကစားနေမှုကို ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်၊ ပြည်နယ်ကောင်စီအဖွဲ့ဝင်များနှင့် ပြည်နယ်အမျိုးသမီးအဖွဲ့ အားကစားဆပ်ကော်မတီနယက၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ ဇနီးဒေါ်နန်ဆိုင်းနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြသည်။ […]ဆက်လက်ဖတ်ရှူရန်

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး ပြည်နယ်၊ ခရိုင်၊ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီများ လုပ်ငန်းညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     ဇူလိုင် ၈           ကချင်ပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ခရိုင်၊ မြို့နယ်ကော်မတီများ၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို  ဇူလိုင် ၈ ရက် နံနက် ၁၀ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်သည်။           လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီမံအုပ်ချုပ်‌ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က မြန်မာနိုင်ငံနှင့် ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ရောဂါပိုးဖြစ်ပွားမှုအခြေအနေများကို ရှင်းလင်းပြောကြားပြီး ပြည်နယ်အတွင်းရှိ မြို့နယ်များ အနေဖြင့် မြို့နယ်အလိုက် စနစ်တကျစုဖွဲ့၍ ကိုဗစ်-၁၉ ရောဂါကို ကာကွယ်ထိန်းချုပ်ကြရေး၊ မြို့နယ်အလိုက် လိုအပ်ချက်များကိုလည်း စိစစ်တင်ပြတောင်းခံသွား ရေး၊ မိမိတို့ တိုင်းရင်းသားများ သည် အမှုမဲ့အမှတ်မဲ့နေတတ်သည့် အလေ့အကျင့်ရှိသည့်အတွက် […]ဆက်လက်ဖတ်ရှူရန်

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်များအတွင်းရှိ ပြည်သူ့ဆေးရုံများနှင့် Quarantine Centre များ ပြင်ဆင်‌ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား     ဇူလိုင် ၆           ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ပိုမိုထိရောက် စွာဆောင်ရွက်နိုင်ရေးနှင့် ရောဂါပိုးတွေ့ရှိသူများအား စနစ်တကျထိန်းချုပ်ကုသနိုင်ရေးအတွက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ပြည်နယ်ကောင်စီအဖွဲ့ဝင်များနှင့် အတူ ဇူလိုင် ၆ ရက် မွန်းလွဲ ၃ နာရီတွင် မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ ပြည်သူ့ ဆေးရုံများနှင့် Quarantine Centre များ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ကွင်းဆင်းစစ်ဆေး ကြသည်။           မြစ်ကြီးနားမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများအား ကုသရေးနှင့် အသွား အလာကန့်သတ်ထားရှိရေးတို့အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ပြည် နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ပြည်နယ်ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့်အတူ မြစ်ကြီးနားပြည်သူ့ဆေးရုံအတွင်း (၄)ထပ်လူနာဆောင်သစ်၌ ပိုးတွေ့လူနာများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး ဆေးရုံအတွင်း လက်ရှိကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ […]ဆက်လက်ဖတ်ရှူရန်

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မြစ်ကြီးနားမြို့အတွင်း ကုန်စည်စီးဆင်းမှုနှင့် ကုန်တင်ကုန်ချလုပ်ငန်းများစနစ်တကျရှိစေရေးနှင့် မြို့တွင်း အဓိကလမ်းမများ တိုးချဲ့ဆောင်ရွက်ရေး ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား     ဇူလိုင် ၅            ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင်း၌ ကုန်တင်ယာဉ်ကြီးများ ဝင်/ထွက်သွားလာမှု လျော့ ချနိုင်ရေး၊ စီတာပူရပ်ကွက် ကုန်တင်ကုန်ချစခန်းအတွင်း ကုန်တင်ကုန်ချခြင်းနှင့် သယ်ယူပို့ဆောင်‌ ရေးလုပ်ငန်းများ စနစ်တကျဆောင်ရွက်‌နိုင်ရေးအတွက် လိုအပ်သည်များနှင့် မြို့တွင်း အဓိကကျ သည့် လမ်းမကြီးများ တိုးချဲ့ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများက ဇူလိုင် ၅ ရက် မွန်းလွဲပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။           ရှေးဦးစွာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ပြည်နယ်ကောင်စီ အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီရုံး၊ မလိခခန်းမ၌ ကုန်တင်ကုန်ချစခန်းတာဝန်ရှိသူများနှင့် တွေ့ဆုံပြီး မြစ်ကြီးနားမြို့တွင်း လမ်းများပျက်စီမှုမရှိစေ‌ရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ကုန်တင်ကားကြီးများကို သတ် မှတ်လမ်းကြောင်းများအတိုင်း ကုန်တင်ကုန်ချစခန်း၌သာ ကုန်တင်ကုန်ချခြင်းလုပ်ငန်းများဆောင် ရွက်စေပြီး ကုန်တင်ကုန်ချစခန်းမှ တစ်ဆင့် မြို့တွင်းသို့ […]ဆက်လက်ဖတ်ရှူရန်

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေး လူမှုရေးအသင်းအဖွဲ့များ၊ ဖောင်ဒေးရှင်းများမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     ဇူလိုင် ၅           ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် ပိုမိုထိ ရောက်လျင်မြန်စွာဆောင်ရွက်နိုင်ရေး၊လူမှုရေးအသင်းအဖွဲ့အသီးသီးနှင့်ပူးပေါင်းချိတ်ဆက်ဆောင် ရွက်မှု အားကောင်းခိုင်မာလာစေရေးအတွက် ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ ပြန်ရေးကော်မတီက ဇူလိုင် ၅ ရက် နံနက် ၁၀ နာရီတွင် မြစ်ကြီးနားမြို့၊ မြို့တော်ခန်းမ၌ လူမှုရေး အသင်းအဖွဲ့များ၊ ဖောင်ဒေးရှင်းတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။           တွေ့ဆုံပွဲတွင် ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးခက်ထိန်နန်နှင့် ပြည်နယ်ကော်မတီအဖွဲ့ဝင်များ၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်ကော်မတီဝင် များနှင့် မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်များမှ ပရဟိတလူမှုရေးအသင်းအဖွဲ့များ၊ ဖောင်ဒေးရှင်း များမှ တာဝန်ရှိသူများက အသီးသီးမိတ်ဆက်ခဲ့ကြသည်။           ယင်းနောက် ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က မိမိတို့ ကချင်ပြည်နယ်အတွင်း ရောဂါ ပိုးတွေ့ရှိသူ […]ဆက်လက်ဖတ်ရှူရန်

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေး လူမှုရေးအသင်းအဖွဲ့များ၊ ဖောင်ဒေးရှင်းများမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     ဇူလိုင် ၅           ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ပြည်နယ်ကောင်စီအဖွဲ့ဝင် ဦးတိန့်ဆောင်၊ ဌာဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇူလိုင် ၄ ရက် မွန်းလွဲ ၂ နာရီတွင် မြစ်ကြီးနားမြို့နယ် အောင်မြင်သာစံပြကျေးရွာ၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံပြီး အပန်းဖြေစခန်းရှိ ကြိုးတံတားပြုပြင် ဆောက်လုပ်ပေးရေး ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။           ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည်အောင်မြင်သာစံပြကျေးရွာ၊အခြေ ခံပညာအထက်တန်းကျောင်း၊အင်ခိုင်ဘွမ်ခန်းမဆောင်၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံပြီး မြန်မာနိုင်ငံ ၏နိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ်များနှင့် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးပြုပြင်ပြောင်းလဲမှုအခြေအနေ များတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဦးတည်ချက်(၉)ရပ်၊ ရှေ့လုပ်ငန်းစဉ် (၅)ရပ်ချမှတ်ပြီး ရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ရေး စီမံဆောင်ရွက်နေမှုအခြေအနေများနှင့် ကြားကာလတာဝန်ယူ ဆောင်ရွက်ရခြင်း ဖြစ်သော်လည်း ပြည်နယ်၏ ဖွံ့ဖြိုးတိုးရေးအတွက် မြို့ပြနှင့် ကျေးလက်ကွာဟမှုမရှိ စေရေးဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။           ထို့နောက် ကျေးရွာရပ်မိရပ်ဖများက ကျေးရွာအတွင်း လမ်း၊ တံတားလိုအပ်ချက်များနှင့် ပတ် သက်၍ […]ဆက်လက်ဖတ်ရှူရန်

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် ပိုမိုထိရောက်အောင်မြင်စွာဆောင်ရွက် နိုင်ရေး လူမှုရေးအသင်းအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     ဇွန် ၃၀           ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် ပိုမိုထိ ရောက်အောင်မြင်စွာဆောင်ရွက်နိုင်ရေးနှင့် လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်ရေးတို့ အတွက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဇွန် ၃၀ ရက် နံနက် ၁၀ နာရီခွဲ တွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ပေးဆပ်သူလူမှုကူညီရေးအသင်း တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။           ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က လူမှုကူညီရေးအသင်းအဖွဲ့များ သည် ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်ကြုံတွေ့မှုနှင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသ ရေးလုပ်ငန်းများတွင် လူမှုအဖွဲ့အစည်းအတွင်း လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနေ သည့် အဖွဲ့အစည်းများဖြစ်သည့်အတွက် မိမိတို့အနေဖြင့် ကြိုဆိုဂုဏ်ပြုမိပါကြောင်း၊ ယနေ့ကာလ သည် မိုးတွင်းဖြစ်ပြီး သဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာနိုင်သလို၊ ကိုဗစ်-၁၉ တတိယလှိုင်း သည်လည်း ကြုံတွေ့နေပြီဖြစ်သည့်အတွက် မိမိတို့ စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် လုပ်ငန်း […]ဆက်လက်ဖတ်ရှူရန်

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာများအထိ ကြိုတင်ကာကွယ် ထိန်းချုပ်ခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို တိုးမြှင့်ကြပ်မတ်ဆောင်ရွက်သွားရေး

မြစ်ကြီးနား     ဇွန် ၂၈           ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာများအထိကြိုတင်ကာကွယ်ထိန်းချုပ်ခြင်းနှင့်အသိပညာပေးခြင်းလုပ်ငန်းများကို တိုးမြှင့်ကြပ်မတ်ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်‌ ရေးကော်တီဥက္ကဋ္ဌနှင့် ဆပ်ကော်မတီအဖွဲ့ဝင်များက ဇွန် ၂၈ ရက် နံနက် ၁၀ နာရီခွဲတွင် ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံး မလိခန်းမ၌ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။           ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော် မတီဥက္ကဋ္ဌ၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု သည် မေလနောက်ဆုံးပတ်မှ စတင်၍ ကချင်ပြည်နယ်တွင် ပြန်လည်တွေ့ရှိခဲ့ပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁ရက်နေ့မှ ဇွန်လ ၂၇ ရက်နေ့အထိ ပိုးတွေ့ရှိသူ ‌စုစုပေါင်း  ၁၁၆၇    ဦးရှိပြီဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သည့် အမိန့်ညွှန်ကြားချက်၊ကြေညာ ချက်များကို ပြည်သူများအလေးထား […]ဆက်လက်ဖတ်ရှူရန်

Uncategorized ဒေသဆိုင်ရာ အချက်အလက်များ နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးနေ့အထိမ်းအမှတ် မြို့တွင်းလမ်းဘေးဝဲ/ယာများတွင် အရိပ်ရအပင်များ စုပေါင်းစိုက်ပျိုးပေး

မြစ်ကြီးနား     ဇွန် ၂၇           ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ မြစ်ကြီးနားမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ကြီးမှူး ၍ ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးနေ့အထိမ်းအမှတ်အဖြစ် မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက် ဆိမ်ဆာ့လမ်း၊ စက်မှုရပ်ကွက် ဗလမင်းထင်ချဉ်းကပ်လမ်းနှင့် ရွှေလမ်းမကြီးတစ်လျှောက် လမ်းဘေးဝဲ/ယာတို့တွင် အရိပ် ရသစ်ပင်များကို ဇွန် ၂၇ ရက် နံနက် ၈ နာရီတွင် စုပေါင်းစိုက်ပျိုးခဲ့ကြသည်။           ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးနေ့အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အတွက် အရိပ်ရအပင် များကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်ကောင်စီ အဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဥပဒေချုပ်တို့ အား ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးစိုးနိုင်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် တာဝန်ရှိသူများက ဖြန့်ဝေပေးခဲ့အပ်ကြသည်။           ယင်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ဇနီး၊ ပြည်နယ်ကောင်စီအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက စီတာပူရပ်ကွက်၊ ဆိမ်ဆာ့လမ်းရှိ […]ဆက်လက်ဖတ်ရှူရန်