Tags : ကချင်ပြည်နယ်

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ဇီဝိတဒါနငါးလွှတ်ပွဲ၊ သက်ကြီးပူဇော်ပွဲနှင့် အန္တရာယ်ကင်းပရိတ်တရားတော်နာယူပွဲများ အောင်မြင်စွာကျင်းပရေး ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     ဧပြီ ၉           ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက ကြီးမှူးကျင်းပမည့် ၁၃၈၃ ခုနှစ်၊ မြန်မာနှစ်ဆန်း တစ်ရက်နေ့တွင် ဇီဝိတဒါနငါးလွှတ်ပွဲ၊ သက်ကြီးပူဇော်ပွဲနှင့် အန္တရာယ်ကင်းပရိတ်တရားတော်နာယူပွဲ များ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ဧပြီ ၉ ရက် ညနေ ၄ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။           ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က နှစ်စဉ် ကျင်းပသည့် သင်္ကြန်ပွဲတော် ကျင်းပနိုင်ခြင်းမရှိသော်လည်း မြန်မာ့ရိုးရာအစဉ်အလာမပျက် မြန်မာ ယဉ်ကျေးမှုကို ဖော်ထုတ်ပြသသည့် မြန်မာနှစ်ဆန်းတစ်ရက်နေ့အတွက် ကုသိုလ်ကောင်းမှုပြုသည့် အခမ်းအနားများကို ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ် သွားရမည်ဖြစ်ပါကြောင်း၊ အခမ်းအနားများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆပ်ကော်မတီအသီး သီးအနေဖြင့် မိမိတို့လုပ်ငန်းတာဝန်များကို ကျေပွန်အောင် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း မှာ ကြားသည်။ […]ဆက်လက်ဖတ်ရှူရန်

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေး(၂/၂၀၂၁) ကျင်းပပြုလုပ်

မြစ်ကြီးနား     ဧပြီ ၉           ကချင်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်၍ ပြည်နယ်ရင်းနှီး မြှုပ်နှံမှုကော်မတီအစည်းအဝေး(၂/၂၀၂၁)ကို ဧပြီ ၉ ရက် မွန်းလွဲပိုင်းတွင် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။           ကော်မတီအစည်းအဝေးတွင် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က တိုင်းပြည်တစ်ခု၊ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများသည် အဓိကျပါကြောင်း၊ မိမိတို့ ပြည်နယ်အတွက် ဖွွံ့ဖြိုးတိုးတက်မှုရေရှည်ခိုင်မာ ရေးသည် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများစွာ ဖိတ်ခေါ်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် ပြည် နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ဥပဒေ လုပ်ထုံးလုပ်နည်းနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးကို ဝိုင်းဝန်းဆွေးနွေးဆောင်ရွက်သွားရန်လိုအပ်ကြောင်း တိုက်တွန်းမှာကြားသည်။           ယင်းနောက် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအတွင်းရေးမှူး ဒေါက်တာသိမ့်သိမ့်မိုးက […]ဆက်လက်ဖတ်ရှူရန်

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မင်းရပ်ဗဟိုဗလီနှင့် မြစ်ကြီးနားမြို့ပေါ်ရှိ ဗလီ(၇)ခုမှ ဘာသာရေးအကြီးအကဲများနှင့် တွေ့ဆုံ

မြစ်ကြီးနား     ဧပြီ ၈           ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဦးခက်ထိန်နန်က မြစ်ကြီးနားမြို့ မင်းရပ်ဗဟို ဗလီနှင့် မြို့ပေါ်ရှိ ဗလီ (၇)ခုမှ အစ္စလာမ်သာဘာရေးအကြီးအကဲများနှင့် တွေ့ဆုံပွဲကို ဧပြီ ၈ ရက် မွန်းလွဲ ၃ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး မေခခန်းမ၌ ကျင်းပပြုလုပ်သည်။           တွေ့ဆုံပွဲတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အစ္စလာမ်ဘာသာ ရေးအကြီးအကဲများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံမိတ်ဆက်ခဲ့ကြပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးခက်ထိန်နန်က မိမိတို့ ကချင်ပြည်နယ်သည် တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ အတူတကွ ငြိမ်းချမ်းလွတ်လပ်စွာနေထိုင်လာကြပါကြောင်း၊ အစ္စလာမ်ဘာသာဝင်များအနေဖြင့်လည်း မိမိ တို့ ကချင်ပြည်နယ်အတွင်း ခေတ်အဆက်ဆက် အတူတကွနေထိုင်လာကြသည့်အတွက် ညီနောင် မိတ်ဆွေများဟု သတ်မှတ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကလည်း ဒေသတွင်း ဘာသာရေးခေါင်းဆောင်များ၊ မြို့မိမြို့ဖများနှင့် တိုင်ပင်ဆွေးနွေးပြီး တည်ငြိမ်အေးချမ်းငြိမ်းချမ်းစွာ […]ဆက်လက်ဖတ်ရှူရန်

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဝိုင်းမော်မြို့၌ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာများ၊ ဘာသာရေးခေါင်းဆောင်များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးအတွက် ကွင်းဆင်းစစ်ဆေး‌ဆောင်ရွက်

မြစ်ကြီးနား     ဧပြီ ၃           ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ကောင်စီအဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဧပြီ ၃ ရက် နံနက်ပိုင်းတွင် မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့တွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝင်းအတွင်းရှိ ဆမားခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဘာသာရေးအသင်းအဖွဲ့ခေါင်းဆောင်များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူး များနှင့် တွေ့ဆုံပွဲကျင်းပသည်။           တွေ့ဆုံပွဲတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မိတ်ဆက်ခဲ့ကြပြီး ပြည်နယ်ကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးပြောင်းလဲမှုအခြေအနေ နှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဦးတည်ချက်(၉)ရပ်၊ ရှေ့လုပ်ငန်းစဉ် (၅)ရပ် ချမှတ်၍ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းပြောကြားပြီး ဝိုင်းမော်မြို့သည် ဖွံ့ဖြိုး တိုးတက်ရန် အရှိန်ယူနေသည့် မြို့နယ်တစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် ဒေသခံပြည်သူများ၊ မြို့မိ၊မြို့ဖ များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ဖွံ့ဖြိုးတိုးတက်မှုမြန်ဆန်အားကောင်းလာစေရန် ဝိုင်းဝန်း […]ဆက်လက်ဖတ်ရှူရန်

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြည်နယ်ထွေ/အုပ်ဝန်ထမ်းများအတွက် မီးဘေး ကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်းနှင့် မီးငြိမ်းသတ်မှုသရုပ်ပြပွဲအခမ်းအနားသို့ တက်ရောက်အားပေး

မြစ်ကြီးနား     ဧပြီ ၁           ကချင်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအတွက် ပြည်နယ်မီးသတ်ဦးစီး ဌာနမှ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးခြင်းနှင့် မီးငြိမ်းသတ်မှုသရုပ်ပြပွဲကို ဧပြီ ၁ ရက် မွန်းလွဲ ၃ နာရီခွဲတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော် ခန်းမ၌ ကျင်းပပြုလုပ်သည်။           အခမ်းအနားတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က မီးသတ်ဦးစီးဌာန အနေဖြင့် ယခုလို နိုင်ငံဝန်ထမ်းအချင်းချင်း အားပေးကူညီပြီး မီးဘေးကြိုတင်ကာကွယ်ရေးအသိ ပညာပေးဆွေးနွေးပေးခြင်း၊ မီးငြိမ်းသတ်သရုပ်ပြခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးသကဲ့သို့ ပြည်သူ များ၏ အိုးအိမ်စည်းစိမ်ကာကွယ်စောင့်ရှောက်ရေး၊ သဘာဝဘေးဖြစ်ပေါ်လာပါက ကူညီကယ်ဆယ် ရှာဖွေရေးလုပ်ငန်းများကို စွမ်းစွမ်းတမံဆောင်ရွက်ရသူများဖြစ်ပါကြောင်း၊ ထို့ကြောင့် မီးတပ်တပ်ဖွဲ့ ဝင်များအနေဖြင့် ပေးအပ်သည့်တာဝန်များကို ကျေပွန်အောင်အကောင်းဆုံးကြိုးစားထမ်းဆောင်သွား ကြရန်လိုအပ်ကြောင်းနှင့် မိမိတို့ကောင်စီအဖွဲ့အနေဖြင့် လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း အားပေးပြောကြားသည်။           ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက […]ဆက်လက်ဖတ်ရှူရန်

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်အတွင်း မြန်မာ့မီးရထားပြန်လည်ပြေးဆွဲနိုင်ရေး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီနှင့် တာဝန်ရှိသူများ ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     ဧပြီ ၁           ကချင်ပြည်နယ်အတွင်း မြန်မာ့မီးရထားပြန်လည်ပြေးဆွဲနိုင်ရေးအတွက် ပြည်နယ်စီမံအုပ်ချုပ် ရေးကောင်စီက မြန်မာ့မီးရထားမှ တာဝန်ရှိသူများနှင့် ဧပြီ ၁ ရက် နံနက် ၁၀ နာရီတွင် ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။           ညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က မြန်မာ့မီးရ ထားသည် မိမိတို့ ကချင်ပြည်နယ်နှင့် ပြည်နယ်သူ/ ပြည်နယ်သားများအတွက် ခရီးသွားလာရာတွင် လည်းကောင်း၊ ကုန်စည်သယ်ယူပို့ဆောင်ရာတွင်လည်းကောင်း နှစ်ပေါင်းများစွာ အကျိုးပြုတာဝန်ယူ ခဲ့ပါကြောင်း၊ ယနေ့ နိုင်ငံရေးအပြောင်းအလဲကြောင့် အခက်အခဲမျိုးစုံကြုံတွေ့ခဲ့ရပြီး မီးရထားသွား/ လာမှုရပ်ဆိုင်းထားခဲ့ရသော်လည်း ရထားကိုအသုံးပြုသွားလာနေရသည့် ပြည်သူများအခက်အခဲဖြစ် ပေါ်လာသည့်အတွက် မီးရထားဝန်ထမ်းများအနေဖြင့် နိုင်ငံဝန်ထမ်းပီပီ တာဝန်ကျေပွန်အောင်ထမ်း ဆောင်သွားရမည်ဖြစ်ပေါကြောင်း မှာကြားသည်။           ယင်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးကျော်လင်းအောင်၊ ဦးမျိုး ဆွေနှင့် […]ဆက်လက်ဖတ်ရှူရန်

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်အတွင်း ဝဥစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍတိုးတက်လာစေရေး တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပြီး ဝဥမျိုးစေ့များဖြန့်ဝေပေးအပ်

မြစ်ကြီးနား     မတ် ၃၁           ကချင်ပြည်နယ်အတွင်း စိုက်ပျိုးရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုတိုးတက်မြင့်မားလာစေရေး အတွက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဝဥစိုက်ပျိုးထုတ်လုပ်မှုအကောင်အထည်ဖော်ဆောင် ရွက်နိုင်ရေးအတွက် မတ် ၃၁ ရက် မွန်းလွဲ ၁ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး ဆမားဒူဝါ ဆင်ဝါးနော်ခန်းမ၌  ဝဥစိုက်ပျိုးမည့် တောင်သူများနှင့် တွေ့ဆုံပြီး ဝဥမျိုးစေ့များကို  ဖြန့်ဝေပေးအပ် ခဲ့သည်။           ဝဥမျိုးစေ့များဖြန့်ဝေပေးအပ်ရာတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်ပါအတိုင်း ပြည်နယ်အတွင်း စိုက်ပျိုးရေးနှင့်ကုန်ထုတ် လုပ်မှုကဏ္ဍ ပိုမိုတိုးတက်မြင့်မားလာစေရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် တောင်သူများဘဝ တိုးတက်မြင့်မားလာစေရေးအတွက် ဝင်ငွေမြင့်မားပြီး ဈေးကွက်ရှိပြီးဖြစ် သည့် ဝဥကို ပြည်နယ်၏စီးပွားရေးထုတ်ကုန်တစ်ခုအဖြစ်အောင်မြင်အောင်အကောင်အထည်ဖော်ဆောင် ရွက်သွားရမည်ဖြစ်ကြောင်း၊ မိမိတို့ကောင်စီအဖွဲ့အနေဖြင့် တောင်သူများအတွက်  ဝဥမျိုးစေ့ဖြန့်ဝေပေး သွားမည့်အပြင် စိုက်ပျိုးရေးနှင့် ကုန်ထုတ်လုပ်မှုနည်းပညာများကို အဘက်ဘက်မှ ပံ့ပိုးကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း […]ဆက်လက်ဖတ်ရှူရန်

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ၂၀၂၁ ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲ မဟာမင်္ဂလာအခမ်းအနားကျင်းပ

မြစ်ကြီးနား     မတ် ၂၈           ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက ကြီးမှူးကျင်းပသော ၂၀၂၁ ခုနှစ်၊ သာသနာတော် ဆိုင်ရာဘွဲ့တံဆိပ်တော်ဆက်ကပ်လှူဒါန်းပွဲ မဟာမင်္ဂလာအခမ်းအနားကို မတ် ၂၇ ရက် (သာသနာတော် နှစ် ၂၅၆၄၊ ကောဇာသက္ကရာဇ် ၁၃၈၂ ခုနှစ်၊ တပေါင်းလပြည့်နေ့) မွန်းလွဲ ၁ နာရီတွင် မြစ်ကြီးနားမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။           သာသနာဆိုင်ရာဘွဲ့တံဆိပ်တော်ဆက်ကပ်လှူဒါန်းပွဲသို့ ကချင်ပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ မိုးကောင်းမြို့ မဟာတိလောကာရာမ ပရိယတ္တိစာသင်တိုက်၊ ပဓာနနာယကဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ အဂ္ဂမစဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တအာစိဏ္ဏ ဦးဆောင်သော သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူကြပြီး အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ ဖွင့်လှစ်သည်။           ယင်းနောက် ကချင်ပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ မိုးကောင်းမြို့ မဟာတိလောကာရာမ ပရိယတ္တိ စာသင်တိုက်၊ ပဓာနနာယကဆရာတော် […]ဆက်လက်ဖတ်ရှူရန်

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်ကွက်၊ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံ

မြစ်ကြီးနား     မတ် ၂၆           ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် ကောင်စီအဖွဲ့ဝင်များက ရပ်ရွာတည်ငြိမ်အေး ချမ်းရေးအတွက် စီမံအုပ်ချုပ်မှုဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်ပြီး မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပွဲကို မတ် ၂၆ ရက် နံနက် ၁၀ နာရီတွင် မြစ်ကြီးနားမြို့ မြို့နယ်ပြည်သူ့ဝန်ဆောင်မှု(OSS)ရုံးဝင်းအတွင်းရှိ မနောရွှေပြည် ခန်းမ၌ ကျင်းပပြုလုပ်သည်။           တွေ့ဆုံပွဲတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်အာဏာကိုလွှဲပြောင်းရယူပြီး ဦးတည်ချက်(၉)ရပ်၊ရှေ့လုပ်ငန်း စဉ်(၅)ရပ်တို့ဖြင့်အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေတို့ကိုရှင်းလင်းပြောကြားပြီး အုပ်ချုပ် ရေးပိုင်းဆိုင်ရာလုပ်ငန်းများတွင် ပြည်သူများနှင့် အများဆုံးထိတွေ့ပြီး ဆောင်ရွက်နေကြသည့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများသည် အဓိကကျပါကြောင်း၊ မိမိတို့ရပ်ရွာ တည်ငြိမ်အေးချမ်းရေးနှင့် ရပ်ရွာအတွင်း မှီတင်းနေထိုင်သော ပြည်သူများ […]ဆက်လက်ဖတ်ရှူရန်

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်အတွင်း လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     မတ် ၂၅           ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက ပြည်နယ်အတွင်း လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ ဒေသ ဖွံ့ဖြိုးရေးအတွက်တည်ဆောက်‌ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲ များနှင့် ညှိနှိုင်းဆွေးနွေးပွဲကို မတ် ၂၅ ရက် မွန်းလွဲ ၂ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။           ညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှာကြားချက်များနှင့်အညီ ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနိုင်မှုအခြေအနေ၊ စီးပွားရေးအခွင့်အလမ်းအတွက် နယ်စပ်ကုန်သွယ်ရေးဆိုင်ရာကိစ္စရပ်များ၊ ပြည်နယ်သူ/ပြည်နယ်သားများ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးအတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ် များနှင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုမြင့်မားလာစေရေး စီမံ‌ဆောင်ရွက် သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး မိမိတို့ပြည်နယ်ကောင်စီအနေဖြင့် ကြားကာလ အတွင်းတာဝန်ယူဆောင်ရွက်ရခြင်းဖြစ်သော်လည်း ပြည်နယ်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး တို့ကို ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိအချိန်တွင် နိုင်ငံရေးမငြိမ်မသက်မှုဖြစ်စဉ်များကြောင့် […]ဆက်လက်ဖတ်ရှူရန်