ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်၊ ခရိုင်၊ မြို့နယ်တရားရုံးဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းသုံးပစ္စည်းများ စုစုပေါင်းတန်ဖိုးငွေကျပ် (၁၄)သိန်းကျော် ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်အားပေး
မြစ်ကြီးနား ဇွန် ၃ ကချင်ပြည်နယ်တရားလွှတ်တော်က ၂၀၂၂-၂၀၂၃ပညာသင်နှစ်အတွက် ပြည်နယ်ရုံးအပါအဝင် မြစ်ကြီးနားခရိုင်ရုံး၊ မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်တရားတရားရုံး ဝန်ထမ်းသားသမီး ကျောင်းသား/ ကျောင်းသူများအတွက် ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ဇွန် ၃ ရက် နံနက် ၁၁ နာရီခွဲက ပြည်နယ်တရားလွှတ်တော်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ် တရားလွှတ်တော် တရားရေးဝန်ထမ်းများ၏ သားသမီးကျောင်းသား/ကျောင်းသူများအနေဖြင့် လူကြီး မိဘများ၏ စေတနာကို သိရှိနားလည်ပြီး မိမိတို့၏ ပညာသင်ယူခြင်းလုပ်ငန်းကို ဆုံးခန်းတိုင်အောင် သင်ယူနိုင်ရေး ကြိုးစားဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း၊ သို့မှသာ အနာဂတ်နိုင်ငံတော်၏ တာဝန်ကို ပခုံးပြောင်းတာဝန်ယူနိုင်သော သားသမီးကောင်းရတနာများဖြစ်လာမည် ဖြစ်ပါကြောင်း တိုက်တွန်း အားပေးပြောကြားသည်။ ယင်းနောက် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးတူးဂျာက […]ဆက်လက်ဖတ်ရှူရန်