(၇၃)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်အခမ်းအနားပြုလုပ်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး
မြစ်ကြီးနား ဒီဇင်ဘာ ၂၃၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ (၁၀)ရက်နေ့တွင် ကျရောက်မည့် (၇၃)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားကို ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီ၏ ညွှန်ကြား ချက်များနှင့်အညီ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ဦးစီးကော်မတီနှင့် ဆပ်ကော်မတီများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က (၇၃)နှစ်မြောက် ကချင် ပြည်နယ်နေ့အခမ်းအနားကို အစိုးရအဖွဲ့ရုံးဝင်းအတွင်း၌သာ လူဦးရေအကန့်အသတ်ဖြင့်သာ ကျင်းပ ပြုလုပ်သွားမည်ဖြစ်သဖြင့် ဆပ်ကော်မတီအသီးသီးအနေဖြင့် ပြည်နယ်နေ့အခမ်းအနား အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားရမည့် လုပ်ငန်းများနှင့် ပတ်သက်၍ ညှိနှိုင်းဆွေး နွေးကြရန်လိုကြောင်း မှာကြားသည်။ယင်းနောက် (၇၃)နှစ်မြောက် ကချင်ပြည်နယ်နေ့အခမ်းအနား ကျင်းပပြုလုပ်နိုင်ရေးအတွက် ကျင်းပရေးဦးစီးကော်မတီ အတွင်းရေးမှူး၊ ညွှန်ကြားရေးမှူး ဦးဇော်ဇော်က ကချင်ပြည်နယ်နေ့အထိမ်း အမှတ်အခမ်းအနား […]ဆက်လက်ဖတ်ရှူရန်