ချီဖွေ-ဝိုင်းမော်-မြစ်ဆုံဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် နှစ်ရှည်ပင်များ လျော်ကြေးပေးနိုင်ရေး အတွက် ကချင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၂၂) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
မြစ်ကြီးနား ဇွန် ၂၄ ချီဖွေ-ဝိုင်းမော်-မြစ်ဆုံဓာတ်အားလိုင်း (၁၁၀ ကေဗွီ)နှင့် မလွတ်ကင်းသည့် နှစ်ရှည်ပင်များ ခုတ်လှဲနိုင်ရေးနှင့် လျော်ကြေးပေးအပ်နိုင်ရေးအတွက် ဇွန် ၂၃ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ် အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည့် ကချင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏(၄/၂၀၂၂) လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ကော်မတီအဖွဲ့ဝင်များနှင့် ခြံပိုင်ရှင်များပါဝင်၍ ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။ ထိုသို့ ဆွေးနွေးရာတွင် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံတော်အစိုးရ၏ ဦးတည်ချက်အတိုင်း ပြည်တွင်း/ ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်၍ မိမိတို့ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်နယ်သူ/ ပြည်နယ်သားများ အလုပ်အကိုင်အခွင့် အလမ်းများ ရရှိရေးအတွက် ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အတွက် လျှပ်စစ်စွမ်းအားလုံလောက်စွာရရှိရေးသည်လည်း အခြေခံကျသည့် ကဏ္ဍဖြစ်ပါကြောင်း၊ ထို့ကြောင့် ယနေ့ တက်ရောက်လာကြသည့်သူများအနေဖြင့် ချီဖွေ […]ဆက်လက်ဖတ်ရှူရန်