ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားမြို့ ကြက်ပေါင်ခြံနှင့် ရမ်ပူရပ်ကွက်များအတွင်း ကတ္တရာလမ်းသစ်များ ဖွင့်လှစ်ပေးပြီး အမှုထမ်းအဆင့်အခြေခံစစ်ရေးပြသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

မြစ်ကြီးနား     နိုဝင်ဘာ ၁           ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော ကြက်ပေါင်ခြံရပ်ကွက်အတွင်း ဂေါက်ကွင်းသွားလမ်းနှင့် ရမ်ပူရပ်ကွက်အတွင်း မာမဃကျောင်း လမ်းကတ္တရာလမ်းသစ်များ ဖွင့်ပွဲကို နိုဝင်ဘာ ၁ ရက် နံနက် ၈ နာရီခွဲတွင် ဂေါက်ကွင်းလမ်း၌ ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလှမိုးက ဆောင်ရွက်ပြီးစီး ခဲ့သည့် ကတ္တရာလမ်းသစ်များအပါအဝင် ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဆက်လက်အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မြို့တွင်းလမ်းလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြ ပြီး မြို့သစ်ကြီးရပ်ကွက်နေပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။           ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ် မှူးချုပ် မြတ်သက်ဦး၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ပြည်နယ်စည်ပင်သာယာ ရေးအဖွဲ့ ယာယီညွှန်ကြားရေးမှူး ဦးကျော်လင်းနှင့် ဂင်လွမ်းကုမ္ပဏီ […]ဆက်လက်ဖတ်ရှူရန်

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ပူတာအိုဒေသဆန်ရိက္ခာဖူလုံရေး စိုက်ပျိုးရေနှင့်လယ်ယာမြေများတိုးချဲ့ဖော်ထုတ်နိုင်ရေး၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းမြှင့်တင်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းဆောင်ရွက်

ပူတာအို         နိုဝင်ဘာ ၁           ပူတာအိုဒေသ ဆန်ရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးရေလုံလောက်မှုရှိစေရေးနှင့် လယ်ယာ မြေများတိုးချဲ့ဖော်ထုတ်ပေးနိုင်ရေးနှင့် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်နိုင် ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် အောက်တိုဘာ ၃၀ ရက်နှင့် ၃၁ ရက်တို့ တွင် ဒေသခံတောင်သူများ၊ ခရီးသွားလုပ်ငန်းလုပ်ကိုင်နေသူများနှင့် တွေ့ဆုံဆွေးနွေးဆောင်ရွက် ခဲ့ကြသည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ဌာန ဆိုင်ရာတာဝန်ရှိသူများက အောက်တိုဘာ ၃၀ ရက် နံနက် ၇ နာရီတွင် လေယာဉ်ကွင်းဈေး၌ ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား နှာခေါင်းစည်း Mask များ ဖြန့်ဝေပေးအပ်ကာ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ အသိပေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ပူတာအိုလေဆိပ်၌ ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၏ လေဆိပ်ပရဝုဏ်အတွင်း သစ်ပင်ခြံနွယ်များ ခုတ်ခွင်ရှင်းလင်းခြင်း၊ အမှိုက် […]ဆက်လက်ဖတ်ရှူရန်

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ်က ခေါင်လန်ဖူးမြို့နယ်နှင့် နောင်မွန်းမြို့နယ်တို့တွင် ဒေသဖွံ့ဖြိုးတိုး ရေး လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ပြီး ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများနှင့်တွေ့ဆုံ

ပူတာအို         အောက်တိုဘာ ၃၀           ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်းရှိ ဝေးလံခေါင်ပါးသည့်ဒေသတစ်ခုဖြစ်သည့် ခေါင် လန်ဖူးဒေသဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် နောင်မွန်းမြို့နယ်အတွင်း ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖ များနှင့် တွေ့ဆုံပြီး ထောက်ပံ့ငွေများပေးအပ်ခြင်းကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည် နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများက အောက်တိုဘာ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။           ရှေးဦးစွာ အောက်တိုဘာ ၂၇ ရက် နံနက် ၄ နာရီတွင်  ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပူတာအိုမြို့မှပူတာအို-မချမ်းဘော-မဂွေဇ-ခေါင်လန်းဖူးလမ်းကြောင်းအတိုင်းမော်တော်ယာဉ်တန်း ဖြင့် ထွက်ခွာခဲ့ကြပြီး မချမ်းဘောမြို့နယ်အတွင်းရှိ ၂၁ မိုင် ဗျူးပွိုင့်နေရာတွင် ကြည့်ရှုစစ်ဆေးပြီး လမ်းဦးစီးဌာနမှ မချမ်းဘော-ဖရုခ-ရပ်ဘော့-နောင်မွန်လမ်းတစ်လျှောက် တောင်နံရံချဲ့ခြင်းနှင့် အမာခံမြေသားလမ်း ဆောင်ရွက်ခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။           ထိုမှတစ်ဆင့် မဂွေဇ-ခေါင်လန်ဖူးလမ်းပေါ်၌ တံတားဦးစီးဌာန၊ တံတားတည်ဆောက်ရေး […]ဆက်လက်ဖတ်ရှူရန်

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ်က ဖုန်ရင်ရာဇီနှင့် ဖုန်ကန်ရာဇီရေခဲတောင်သွားလမ်းပိုင်းခင်းကျင်း ဆောင်ရွက်နေမှုနှင့် မူလာချောင်းကူးတံတားတည်ဆောက်နိုင်ရေး သွားရောက်ကွင်းဆင်းစစ်ဆေး

ပူတာအို        အောက်တိုဘာ ၂၆           မြန်မာပြည်မြောက်ဖျား ကချင်ပြည်နယ် ပူတာအိုခရိုင်အတွင်း ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဖုန်ရင်ရာဇီ၊ ဖုန်ကန်ရာဇီရေခဲတောင်သွားလမ်း ပိုင်း(အထက်ဆန်ဂေါင်-လုံနဒမ်း-ဇီယာဒမ်းလမ်း) ခင်းကျင်းဆောင်ရွက်နေမှုကို ပြည်နယ်ဝန်ကြီး ချုပ်ဦးခက်ထိန်နန်က အောက်တိုဘာ ၂၆ ရက် နံနက် ၈ နာရီတွင် သွားရောက်ကွင်းဆင်း စစ်ဆေးခဲ့သည်။           ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး၊ စစ်ဗျူဟာအဖွဲ့ (အခြေချ) ပူတာအိုမှ ဗျူဟာမှူး ဗိုလ်မှူးကြီးဝင်းမင်းသိန်း၊ ကျေးလက်လမ်းဖွံ့ ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဝဏ္ဍဇော်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အထက် ဆန်ဂေါင်-လုံနဒမ်း-ဇီယာဒမ်းလမ်းပိုင်း လမ်းအရှည် ၂၄ မိုင်အတွင်း ဦးစီးဌာနမှ တာဝန်ယူဆောင် ရွက်လျက်ရှိသည့် တောင်ပေါ်မြေသားလမ်း တိုးချဲ့ခြင်းလုပ်ငန်း ၁၇ မိုင်ဆောင်ရွက်ပြီးစီးမှု အခြေ အနေများနှင့် လမ်းပိုင်းအတွင်း အရှည်ပေ […]ဆက်လက်ဖတ်ရှူရန်

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပူတာအိုမြို့၌ အောက်စီဂျင်စက်ရုံဖွင့်လှစ်ပေးခြင်း၊ ပူတာအို လွင်ပြင်ပတ်လမ်းနှင့် တံတားများဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး

ပူတာအို         အောက်တိုဘာ ၂၅           ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရောက် ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် အောက်တိုဘာ ၂၅ ရက်တွင် ပူတာအိုမြို့၌ အောက်စီဂျင်စက်ရုံဖွင့်လှစ်ပေးပြီး ပူတာအိုလွင်ပြင်ပတ်လမ်းနှင့် တံတားများ ဆောင်ရွက်နေမှု၊ လီဆူစာပေနှင့်ယဉ်ကျေးမှုအသင်းမှ ကျင်းပသည့် အမျိုးသမီးဘောလုံးပြိုင်ပွဲသို့ ဆုများတက် ရောက် ချီးမြှင့်ခဲ့ကြသည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်တိုင်းရင်းသားရေးရာဝန်ကြီးဦး‌ကျော်မင်းခိုင်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ပူတာအိုမြို့ခရိုင်ပြည်သူ့ဆေးရုံ အတွင်း တည်ဆောက်ပြီးစီးသည့် အောက်စီဂျင်စက်ရုံဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ပူတာအိုခရိုင်သည် ပြည်နယ်အတွင်း ကိုဗစ်-၁၉ ဖြစ်ပွားမှုအနည်းဆုံး ဒေသဖြစ်သော်လည်း ခရိုင်အတွင်းရှိ ပြည်သူများ၏ လိုလားတောင်းတချက်တစ်ခုဖြစ်သည့်အပြင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးတွင် အဓိကကျသည့် အောက်စီဂျင်လိုအပ်ချက် အတွက် မိမိတို့အစိုးရအဖွဲ့အနေဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း […]ဆက်လက်ဖတ်ရှူရန်

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပူတာအိုမြို့၌ ဘာသာရေး၊ လူမှုရေးအသင်းအဖွဲ့များနှင့်တွေ့ဆုံပွဲ ကျင်းပပြီး ရဝမ်အမျိုးသားဥယာဉ် အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေး

ပူတာအို         အောက်တိုဘာ ၂၅           ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်တိုင်းရင်းသား‌ရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပူတာအိုဒေသဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အောက်တိုဘာ ၂၄ ရက် မွန်းလွဲပိုင်းတွင် ပူတာအို မြို့သို့ ရောက်ရှိပြီး ပူတာအို၌ ဘာသာရေးအသင်းအဖွဲ့များ၊ လူမှုကူညီရေးအသင်းများနှင့်တွေ့ဆုံ ပွဲကျင်းပပြီး ရဝမ်းအမျိုးသားဥယာဉ် အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းဆောင်ရွက်ခဲ့ ကြသည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပူတာအိုမြို့သို့ လေကြောင်းခရီးဖြင့် ရောက် ရှိပြီး လေဆိပ်ပရဝုဏ်အတွင်း/အပြင်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လေဆိပ်အဆောက်အ ဦများ ဆေးသုတ်နိုင်ရေးနှင့် လေဆိပ်ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေး၊ အရိပ်ရအပင်များ၊ အလှပန်းပင်များဖြင့် လှပစွာပြင်ဆင်ဆောင်ရွက်နိုင်ရေးတို့အတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများအား မှာကြားသည်။            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပူတာအိုမြို့၊ ဖုန်ကန်ရာဇီခန်းမ၌ ခရိုင်၊ မြို့နယ် […]ဆက်လက်ဖတ်ရှူရန်

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

သဘာဝဘေးကြောင့် သီးနှံပျက်စီးဆုံးရှုံးခဲ့သည့် တောင်သူ ၄၂၆၂ ဦးတို့အတွက် နိုင်ငံတော်မှ ယူရီးယားဓာတ်မြေသြဇာများ အခမဲ့ထောက်ပံ့ပေးအပ်

မြစ်ကြီးနား     အောက်တိုဘာ ၂၃           ကချင်ပြည်နယ်အတွင်း သဘာဝဘေးကြောင့် သီးနှံပျက်စီးဆုံးရှုံးခဲ့သည့် တောင်သူများ အတွက် နိုင်ငံတော်၏ တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင် ရေးဥပဒေအရ သဘာဝဘေးအရေးပေါ်ရန်ပုံငွေဖြင့် ပြည်တွင်းစက်ရုံမှ ထုတ်လုပ်သည့် ဓာတ်မြေ သြဇာများ ကို အခမဲ့ထောက်ပံ့ပေးအပ်ခြင်းကို အောက်တိုဘာ ၂၃ ရက် နံနက် ၁၀ နာရီတွင် ပြည်နယ်အစိုးရ အဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့သည်။           ဓာတ်မြေသြဇာများ ထောက်ပံ့ပေးအပ်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည် နယ်အတွင်း ၂၀၂၁ ခုနှစ်၊ သြဂုတ်လအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စပါးစိုက်ဧကများ ရေကြီးနစ်မြှုပ်ထိခိုက်ပျက်စီးခဲ့မှုများဖြစ်ပေါ်ခဲ့ပါကြောင်း၊ တောင်သူများအနေဖြင့် ဓာတ်မြေသြဇာ ဈေးနှုန်းမြင့်တက်လာမှုကြောင့် မိမိတို့၏လယ်ယာလုပ်ငန်းခွင်များတွင် သီးနှံအထွက်နှုန်းတိုးတက် ရေးအတွက် ဓာတ်မြေသြဇာသုံးစွဲရာတွင် အဟန့်အတားများ၊ ငွေကြေးအရင်းအနှီး အခက်အခဲများ ဖြစ်ပေါ်လာခဲ့သဖြင့် […]ဆက်လက်ဖတ်ရှူရန်

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

မြစ်ကြီးနားခရိုင်အတွင်းရှိ ကိုဗစ်စင်တာများအတွက် နယ်စပ်ရေးရာဝန်ကြီးဌာနမှ အင်အားဖြည့် အစားအစာများနှင့် ကိုဗစ်ကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့

မြစ်ကြီးနား     အောက်တိုဘာ ၂၃           နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ကချင်ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်အတွင်းရှိ ကိုဗစ်စင်တာများသို့ အင်အားဖြည့်အစားအစာများနှင့် ကိုဗစ်ကာကွယ်ရေးသုံးပစ္စည်းများကို အောက်တိုဘာ ၂၃ ရက် နံနက်ပိုင်းတွင် ထောက်ပံ့ပေးအပ်ခဲ့သည်။           ကိုဗစ်စင်တာများသို့ အင်အားဖြည့်အစားအစာများနှင့် ကိုဗစ်ကာကွယ်ရေးသုံးပစ္စည်းများ ပေးအပ်ခြင်းကို ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကြည်လင်းနှင့် ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ပြည်နယ်ဦးစီးမှူး ဦးမျိုးသန့်နှင့် တာဝန် ရှိသူများက မြစ်ကြီးနားမြို့ ပညာရေးကောလိပ် (၄)ထပ်အဆောက်အဦတွင် ဖွင့်လှစ်ထားသည့် ကိုဗစ် အတည်ပြုလူများများ စောင့်ကြပ်ကြည့်ရှုရေးစင်တာ၌ မြစ်ကြီးနားခရိုင်အတွင်းရှိ ကိုဗစ် စင်တာများအတွက် စုစုပေါင်းတန်ဖိုးငွေကျပ်  ၅၀၅၀၀၀ တန်ဖိုးရှိ နှာခေါင်းစည်း Mask ၅၀ ဗူး၊ Hand Gel ဗူး ၃၀ […]ဆက်လက်ဖတ်ရှူရန်

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများ အရှိန်အဟုန်မပျက် တိုးမြှင့် ဆောင်ရွက်နိုင်ရေး ပြည်နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     အောက်တိုဘာ ၂၃           ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများ အရှိန်အဟုန်မပျက် တိုးမြှင့်ဆောင်ရွက်နိုင်ရေး ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ ၂၃ ရက် မွန်းလွဲ ၁ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။           လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန် ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မိမိတို့ပြည်နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုသည် သိသာစွာ မြင့်တက်လာခြင်း၊ လျော့ကျသွားခြင်းမရှိဘဲ တန့်နေသည့်အနေ အထားတွင်ရှိနေသည့်အတွက် ရောဂါပိုးကူးစက်ပျံ့ပွားမှုကို ထိန်းချုပ်လျော့ချနိုင်ရေး စစ်ဆေးမှုနှင့် ကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများကို အရှိန်အဟုန်မပျက် တင်းကြပ်စွာ တိုးမြှင့်လုပ်ဆောင်သွားရ မည်ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု လျော့ချနိုင်ရေးအတွက် အလေးထား ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်းနှင့် လိုအပ်သည်များကို အချင်းချင်း ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်သွားရန်လိုကြောင်း […]ဆက်လက်ဖတ်ရှူရန်

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးများ မြစ်ကြီးနားမြို့သို့ တပ်မတော်လေယာဉ်ဖြင့် ထပ်မံရောက်ရှိ

မြစ်ကြီးနား     အောက်တိုဘာ ၂၂           ကချင်ပြည်နယ်အတွင်းရှိ ပြည်သူများအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ဦးတည် အုပ်စုအလိုက် ထိုးနှံပေးလျက်ရှိရာ အောက်တိုဘာ ၂၂ ရက် မွန်းလွဲ ၁ နာရီခွဲတွင် မြစ်ကြီးနားမြို့ နန်ပေါင်လေဆိပ်သို့ ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm များကို တပ်မတော်လေယာဉ်ဖြင့် ထပ်မံရောက်ရှိခဲ့သည်။           တပ်မတော်လေယာဉ်ဖြင့် လာ‌ရောက်ပို့ဆောင်သည့် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်း၊ တပ်မတော်အရာရှိကြီးများနှင့် ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာတင့်နိုင်နှင့် ဝန်ထမ်းများက ရောက်ရှိ လာသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm အလုံးရေ ၇၁၂၀ လုံး၊ ထိုးနှံပေးနိုင်သည့် လူဦးရေ စုစုပေါင်း ၃၅၆၀၀ တို့အတွက် စစ်ဆေး၍ လွှဲပြောင်းလက်ခံရယူခဲ့ကြသည်။           […]ဆက်လက်ဖတ်ရှူရန်