ကချင်ပြည်နယ်

ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ လူနေအိမ်အဖြစ်အသုံးပြုရန် ခွင့်ပြုမထားသော မြေနေရာများနှင့် ဗလမင်းထင်အမှတ်(၂)တံတားသစ် တည်ဆောက်မည့်နေရာတို့ကို ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည် ပြည်နယ်ဝန်ကြီးများ၊ဌာနဆိုင်ရာတာဝန် ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ပေါ်ရပ်ကွက်များအတွင်း လူနေအိမ်အဖြစ်အသုံး ပြုရန် ခွင့်ပြုမထားသော မြေနေရာများ ဆက်လက်ဆောင်ရွက်မှုမရှိစေရေးနှင့် ဗလမင်းထင်အမှတ် (၂) တံတားအသစ်တည်ဆောက်မည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ပြည်နယ်ဝန်ကြီးချုပ်သည် မြစ်ကြီးနားမြို့ ပြည်နယ်တရားလွှတ်တော်ရုံး၊ အစည်းအဝေးခန်းမ၌ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဦးတူးဂျာ ဦးဆောင်သော ပြည်နယ်တရားသူကြီးများ၊ ပြည်နယ် တရားရေးအရာရှိများနှင့်တွေ့ဆုံပြီး ပြည်နယ်တရားလွှတ်တော်ရုံးသစ်အဆောက်အဦ ၂၄၀ ပေပတ်လည် တည်ဆောက်သွားနိုင်ရေး မြေနေရာလိုအပ်ချက်နှင့် ပတ်သက်၍ တင်ပြမှုကို ပြည်နယ်ဝန်ကြီးချူပ်က အဆောက်အဦသစ်ဆောက်လုပ်နိုင်ရေးနှင့် မြေနေရာလိုအပ်ချက်အပေါ် ညှိနှိုင်းဆောင်ရွက်ရမည့်ကိစ္စရပ် များကို ဝန်ကြီးဌာနများနှင့် ညှိနှိုင်းချိတ်ဆက်‌ဆောင်ရွက်ပေးခဲ့သည်။ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်၊ မြစ်ဖျားဧရာ ကားကြီးကွင်းအနီး မြေကွက်လပ်နှင့် စီတာပူရပ်ကွက်၊ စက်မှုဇုန်အပိုင်းအတွင်း လူနေအိမ်အဖြစ်အသုံး ပြုရန် ခွင့်ပြုမထားသော မြေကွက်နေရာတွင် နေအိမ်ဆောက်လုပ်ရန် မြေကွက်ဖော်ဆောင်ထားရှိမှု အခြေအနေကို […]ဆက်လက်ဖတ်ရှူရန်

ကချင်ပြည်နယ်

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် နိုင်ငံတော်အဆင့်နှင့် ပြည်နယ်အဆင့်တို့တွင် ထူးချွန်စွာအောင်မြင်သူများအား ပညာရည်ချွန်ဆုချီးမြှင့်

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် နိုင်ငံတော်အဆင့်အပါအဝင် ပြည်နယ်အတွင်း ထူးချွန်စွာအောင်မြင်ခဲ့ကြသူများအား ပညာရည်ချွန်ဆုချီးမြှင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့၊ အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်း၊ ရွှေသွေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က တက်ရောက်ဂုဏ်ပြုချီးမြှင့်သည်။ ပညာရည်ချွန်ဆုပေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်း သား/ ကျောင်းသူများအနေဖြင့် အမိနိုင်ငံတော်ကို ကမ္ဘာ့အဆင့်မီ ဖွံ့ဖြိုးတိုးတက်အောင် နိုင်ငံတည် ဆောက်ရာတွင် ထူးချွန်သည့်အတတ်ပညာရှင်များဖြစ်လာအောင် ဆက်လက်ကြိုးပမ်းကြစေလိုကြောင်း၊ ယခုကဲ့သို့ ပြည်နယ်အတွက် အောင်မြင်မှုရရှိအောင် ကြိုးစားဆောင်ရွက်ခဲ့ကြသော ကျောင်းအုပ်ကြီး များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသားမိဘများအား ပြည်နယ်အစိုးရ အဖွဲ့ကိုယ်စား မှတ်တမ်းတင် အသိအမှတ်ပြု ဂုဏ်ပြုဝမ်းမြောက်ပါကြောင်း ပြောကြားသည်။ ထို့နောက် ပြည်နယ်ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဆရာမကြီးဒေါ်ခင်သန်းနွဲ့က ၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ကချင်ပြည်နယ်၏ အောင်မြင်မှုအခြေအနေကို တင်ပြသည်။ […]ဆက်လက်ဖတ်ရှူရန်

ကချင်ပြည်နယ်

မြစ်ကြီးနားမြို့၌ ဧရာဝတီမြစ်ကူး ဗလမင်းထင်အမှတ် (၂)တံတား တည်ဆောက်ရန် အကြိုအင်ဂျင်နီယာလုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိ

ကချင်ပြည်နယ်အတွင်း မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့တို့အား ဆက်သွယ်ထားသော ဧရာဝတီ မြစ်ကူး ဗလမင်းထင်တံတားအမှတ် (၂) တည်ဆောက်ရန်အတွက် ယခုနှစ်တွင် အကြိုအင်ဂျင်နီယာ လုပ်ငန်းများစတင် ဆောင်ရွက်လျက်ရှိကြောင်း တံတားဦးစီးဌာန၊ တံတားတည်ဆောက်ရေးအဖွဲ့ (၁) ဒုတိယညွှန်ကြားရေးမှူးရုံး၊ တံတားအထူးအဖွဲ့(၁)ထံမှ သိရသည်။ ဗလမင်းထင်အမှတ် (၂) တံတား အကြိုအင်ဂျင်နီယာလုပ်ငန်းများနှင့် ပတ်သက်ပြီး တံတားအထူး အဖွဲ့(၁) ဒုတိယညွှန်ကြားရေးမှူး ဦးစောဇာနည်လှက ရန်ပုံငွေရရှိမှုမှာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာ ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေကျပ်သန်း (၁၀၀၀) ခွဲဝေချထားပေးခဲ့ပြီး ယခုနှစ်အတွက် ပင်မ တံတားရေလယ်တိုင် စမ်းသပ်ခြင်းလုပ်ငန်း၊ လမ်းပုံထုတ်တိုင်းတာခြင်း၊ မြစ်ရေစီးကြောင်းတိုင်းတာခြင်း လုပ်ငန်းများနှင့် မြေယာလျော်ကြေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းပြောပြသည်။ လက်ရှိအသုံးပြုနေသော ဗလမင်းထင်တံတားကိုလည်း တံတားကြံ့ခိုင်မှုအားနည်းလာသဖြင့် တံတားသစ်ပြီးစီးပါက တံတားဟောင်းဘောင်ကို မြှောက်တင်ပြီး အကြီးစားပြင်ဆင် ဆောင်ရွက်သွား မည်ဖြစ်ကြောင်းနှင့် အသွားလမ်း၊ အပြန်လမ်းအဖြစ် […]ဆက်လက်ဖတ်ရှူရန်

ကချင်ပြည်နယ်

ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး မံစီမြို့နယ်အတွင်းရှိ မြန်မာ-တရုတ် (၂)နိုင်ငံနယ်စပ်၌ တရုတ်နိုင်ငံဘက်ခြမ်းမှ ခြံစည်းရိုးကာရံနေမှုကို ကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် ပန်ခမ်းကျေးရွာအုပ်စု မြန်မာ-တရုတ် (၂)နိုင်ငံနယ်စပ်၌ တရုတ်နိုင်ငံဘက်ခြမ်းမှ ခြံစည်းရိုးကာရံနေမှုကို ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်လင်းအောင်နှင့် တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီ ၂၅ ရက် နံနက် ၁၀ နာရီတွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်းသိရသည်။ ထိုသို့စစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးနှင့်အတူ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းအေးမင်း၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးလင်းသန့်နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခေါင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက် ပါခဲ့ပြီး နှစ်နိုင်ငံနယ်ခြားမှတ်တိုင် (၅၃/၁)၊ (၅၃/၂)၊ (၅၃/၄)၊ မြန်မာနိုင်ငံဘက်မှ ပန်ခမ်းကျေးရွာ အုပ်စု ပန်ခမ်းကျေးရွာ၊ နောင်မွန်းကျေးရွာ၊ မံအိုက်တိုက်ကျေးရွာတို့နှင့် ထိစပ်နေသည့် နမ့်၀မ့်ချောင်း တစ်ဖက်ကမ်းရှိ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ တယ်ဟုန်ပြည်နယ်ခွဲ၊ လုံချွမ်ခရိုင်၊ ရွှေလီမြို့၊ လွယ်ယိမ်းကျေးရွာအုပ်စု၊ […]ဆက်လက်ဖတ်ရှူရန်

ကချင်ပြည်နယ်

ဒုတိယသမ္မတ ဦးမြင့်ဆွေ ခါကာဘိုရာဇီ ဇီဝမျိုးစုံမျိုးကွဲသုတေသနဓာတ်ခွဲခန်း၊ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးပညာပေးပြခန်းနှင့် မဂွေဇ – ခေါင်လန်ဖူးလမ်း ဖောက်လုပ်နေမှုအားကြည့်ရှုစစ်ဆေး

ပူတာအို ဇန်နဝါရီ ၂၉ဒုတိယသမ္မတ ဦးမြင့်ဆွေ သည် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင် နှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ရဲမြင့်ဆွေ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ နှင့်အတူ ယနေ့ နံနက်ပိုင်းတွင် တပ်မတော်အထူးလေယာဉ်ဖြင့် နေပြည်တော်မှ ကချင် ပြည်နယ်၊ ပူတာအိုမြို့သို့ရောက်ရှိရာ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ထို့နောက် ဒုတိယသမ္မတ သည် ခါကာဘိုရာဇီအမျိုးသားဥယျာဉ်အုပ်ချုပ်ရေးမှူးရုံး သို့ရောက်ရှိပြီး ခါကာဘိုရာဇီ ဇီဝမျိုးစုံမျိုးကွဲသုတေသနဓာတ်ခွဲခန်းနှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်း သိမ်းရေးပညာပေးပြခန်း တို့ကို ကြည့်ရှုစစ်ဆေးရာ သစ်တောဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဒေါက်တာညီညီကျော်နှင့် တောအုပ်ကြီး ဒေါ်အယ်လ်ကေစီယွန်း တို့က ရှင်းလင်းတင်ပြကြ […]ဆက်လက်ဖတ်ရှူရန်

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ မိတ်ဆက်တွေ့ဆုံ

မြစ်ကြီးနား ဖေဖော်ဝါရီ ၃ အမှတ် (၁) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီးတေဇကျော်၊ ကချင်ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် တွေ့ဆုံမိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ မလိခ ခန်းမ၌ ကျင်းပသည်။ တွေ့ဆုံပွဲအခမ်းအနားတွင် အမှတ်(၁)စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီးတေဇကျော် က အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်၏အုပ်ချုပ် ရေးဆိုင်ရာလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်ကောင်စီဥက္ကဋ္ဌ များကို ခန့်အပ်တာဝန်ပေးခဲ့ပါကြောင်း၊ ယခုခန့်အပ်တာဝန်ပေးလိုက်သည့် ကချင်ပြည်နယ်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် လွှတ်တော်ပိုင်းဆိုင်ရာ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာအတေွ့အကြုံရှိ သည့် ကချင်တိုင်းရင်းသားတစ်ဦးဖြစ်ပါကြောင်း၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများအနေဖြင့် ပြည်နယ် အေးချမ်းသာယာရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ကောင်စီဥက္ကဋ္ဌနှင့် လက်တွဲ၍ ကြိုး ပမ်းဆောင်ရွက်သွားမည်ဆိုလျှင် ကချင်ပြည်နယ်အနေဖြင့် မိမိတို့မျှော်မှန်ထားသည့်အတိုင်း တိုးတက် ဖွံ့ဖြိုးမှု တွေရရှိလာမှာ ဖြစ်ပါကြောင်း၊ […]ဆက်လက်ဖတ်ရှူရန်

ဥပဒေ/နည်းဥပဒေများ

ခေတ်ကာလနှင့် မလျော်ညီ၍ ဖျက်သိမ်းပြီးဥပဒေများ

 စဉ်  အမည် ၁  ၁၈၈၅ ခုနှစ်၊ မြေသိမ်းအက်ဥပဒေ (ဓါတ်သတ္တု) ၂  ၁၉၀၇ ခုနှစ်၊ မြို့များအက်ဥပဒေ ၃  ၁၉၀၇ ခုနှစ်၊ ကျေးရွာအက်ဥပဒေ ၄  ၁၉၆၀ ပြည့်နှစ်၊ ကျေးလက်ဒေသစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုရန်ပုံငွေ အက်ဥပဒေ ၅  မြေသိမ်း (သတ္တုတွင်းများ) အက်ဥပဒေကို ရုပ်သိမ်းသည့်ဥပဒေဆက်လက်ဖတ်ရှူရန်

ကချင်ပြည်နယ်

ပုံမှန်ကာကွယ်ဆေးထိုး/တိုက်အစီအစဉ်တွင် အိတ်ချ်ပီဗီကာကွယ်ဆေး စတင်ထည့်သွင်းထိုးနှံခြင်း ဗဟိုအဆင့်ဖွင့်ပွဲနှင့်အတူ ကချင်ပြည်နယ်တွင်လည်း ကာကွယ်ဆေးစတင်ထိုးနှံပေး

မြစ်ကြီးနား အောက်တိုဘာ ၂၀ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပုံမှန်ကာကွယ်ဆေးထိုး/တိုက်အစီအစဉ်တွင် အမျိုး သမီးငယ်များအတွက် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး အိတ်ချ်ပီဗီကာကွယ်ဆေးစတင် ထည့်သွင်းထိုးနှံခြင်း ဗဟိုအဆင့်ဖွင့်ပွဲနှင့်အတူ ကချင်ပြည်နယ်တွင်လည်း ကာကွယ်ဆေးစတင်ထိုးနှံ ပေးခြင်းလုပ်ငန်းကို ယနေ့ မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြုလုပ်ခဲ့ကြသည်။ ဗဟိုအဆင့်ဖွင့်ပွဲအခမ်းအနားကို နေပြည်တော်ရှိ MICC-2 ခန်းမ၌ Virsual / Online ဖြင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောကြားခြင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပုံမှန်ကာကွယ်ဆေးထိုးအစီအ စဉ်တွင် အိတ်ချ်ပီဗီကာကွယ်ဆေးစတင်ထည့်သွင်းခြင်းလုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြား ခြင်း၊ ပညာပေးဗီဒီယိုဖွင့်လှစ်ပြသခြင်းနှင့်ကာကွယ်ဆေးထိုးနှံခြင်းစသည့် အခမ်းအနားပြုလုပ်ကျင်း ပမှုများကို ကချင်ပြည်နယ်မှနေ၍ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် ပြည်နယ်ဝန်ကြီး များ၊ ပြည်နယ်ပြည်သူ့ကျန်းမာနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြည်နယ်အဆင့်ဌာနဆိုင် ရာများ၊ ကာကွယ်ဆေးထိုးနှံမည့် မိန်းကလေးငယ်များနှင့် မိခင်များက တက်ရောက်ခဲ့ကြသည်။ […]ဆက်လက်ဖတ်ရှူရန်

ကချင်ပြည်နယ်

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌၂၀၂၀ ရွေးကောက်ပွဲတွင် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ ကြိုတင်ပြင်ဆင်သရုပ်ပြ မဲပေးခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား အောက်တိုဘာ ၂၁ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ပြည်သူများလုံခြုံစိတ်ချစွာမဲပေးနိုင်ရေးအတွက် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်း လမ်းညွှန်ချက်များနှင့်အညီ ကြိုတင်ပြင်ဆင်၍ သရုပ်ပြမဲပေးခြင်းလုပ်ငန်းကို ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့၊ မဲရုံအမှတ် (၁၁)ဖွင့်လှစ်သည့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အေးမြ သီတာခန်းမ၌ ပြုလုပ်ကျင်းပသည်။ သရုပ်ပြမဲပေးခြင်းလုပ်ငန်းနှင့်ပတ်သက်၍ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင် သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးကြရာ ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဒေါ်မေရီမီနန်နှင့် ခရိုင်၊ မြို့နယ်၊ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များက ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းလမ်းညွှန်းချက်များ နှင့်အညီ မဲရုံဝန်ထမ်းများအတွက်ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ပေးမည့်အခြေအနေ၊ မဲရုံအခင်း အကျင်း ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် မဲဆန္ဒရှင်ဦးရေအခြေအနေတို့ကို ရှင်းလင်း […]ဆက်လက်ဖတ်ရှူရန်

ကချင်ပြည်နယ်

တနိုင်းမြို့၌ စစ်ရှောင်စခန်းနေအိမ်ထောင်စု (၂၆)စုအတွက် ပြန်လည်နေရာချထားရေးနေရာသစ် ဖွင့်လှစ်ပေးပြီး ထောက်ပံ့ပစ္စည်းများပေးအပ်

မြစ်ကြီးနား အောက်တိုဘာ ၂၂ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့ RC စစ်ရှောင်စခန်းတွင် ခိုလှုံနေသော နမ်ခမ်း အင်္ဂါဂါးကျေးရွာများမှ စစ်ရှောင်အိမ်ထောင်စု (၂၆)စုတို့အား ပြန်လည်နေရာချထားပေးနိုင်ရေးအ တွက် တနိုင်းမြို့၊ ကင်ဆားရာရပ်ကွက် မြို့ရှောင်လမ်းတွင် ဆောက်လုပ်ပြီးစီးသော နေရာသစ်ဖွင့်ပွဲ နှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲကို အောက်တိုဘာ ၂၂ ရက်၊ နံနက် (၁၀)နာရီတွင် ကျင်းပ ပြုလုပ်သည်။ စစ်ရှောင်အိမ်ထောင်စုများ ပြန်လည်ပြောင်းရွေ့နေရာချထားပေးမည့် နေရာသစ်ဖွင့်ပွဲသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်း၊ လူဝင် မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးဇော်ဝင်းနှင့် ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး နေရာသစ်ကို ကတ်သလစ်ဂိုဏ်းချုပ်ဆရာတော် ဖရန်စစ်ဒေါ့တန်က မုဒ်ဝအဖွင့်ကောင်းချီးပေးဆုတောင်းပြီး ပြည်နယ်ဝန်ကြီးများနှင့် ဆရာတော်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြကာ ပြည်နယ်ဝန်ကြီးများနှင့် မြစ်ကြီးနားမြို့ဂရုဏာလူမှုစည်းရုံးညီညွတ်ရေး ဒါရိုက်တာ ဖာသာဆန်ဆွန်၊ KHCC ဥက္ကဋ္ဌ၊ […]ဆက်လက်ဖတ်ရှူရန်