ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် အင်ဂျန်းယန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ တာဝန်ထမ်းဆောင်ရန်သွားရောက်ကြမည့် ဆရာ/ ဆရာမများနှင့် ချီဖွေနှင့်တနိုင်းခရိုင်ရုံးများသို့ သွားရောက်တာဝန်ထမ်းဆောင်ကြမည့် ဝန်ထမ်းများအား တွေ့ဆုံအားပေးထောက်ပံ့

မြစ်ကြီးနား     ဇွန် ၂၉           ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန်မြို့နယ်အတွင်း အခြေခံပညာကျောင်းများသို့ တာဝန်ထမ်းဆောင်ရန်သွားရောက်ကြမည့် မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်များ၊ ဆရာ၊ ဆရာမများ အား ထောက်ပံ့ငွေနှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ဇွန် ၂၉ ရက် နံနက် ၈ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည်။           ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အင်ဂျန်းမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများသို့ သွားရောက်တာဝန်ထမ်းဆောင်ကြမည့် ဆရာ/ဆရာမများကို လိုအပ်သည့် ကျောင်းသုံးကိရိယာများ၊ ပညာရေးဝန်ထမ်းများ နေထိုင်စားသောက်မှုအဆင်ပြေစေရေး အခြေခံစားသောက်ကုန်များကို ယနေ့ ထောက်ပံ့ပေးအပ်သွားမည်ဖြစ်သည့်အတွက် ဝမ်းမြောက် ဂုဏ်ယူမိပါကြောင်း၊ မိမိတို့ အစိုးရအဖွဲ့အနေဖြင့် ဆရာ/ ဆရာမများ အေးချမ်းပျော်ရွှင်စွာ ပညာသင် ကြားနိုင်ရေးအတွက်ကိုလည်း အဖွဲ့အစည်းအသီးသီးနှင့် ညှိနှိုင်းချိတ်ဆက် ဆောင်ရွက်ပေးထားပါ […]ဆက်လက်ဖတ်ရှူရန်

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

မြစ်ကြီးနားမြို့ ရှမ်းစုမြောက်ရပ်ကွက်၊ ဧရာဝတီမြစ်ကမ်းဘေးတွင် ငြိမ်းချမ်းရေးဓာတ်တော်တိုက် စေတီတည်ထားကိုးကွယ်နိုင်ရေး ပန္နက်တော်တင်၊ တွင်းတော်ဝန်း ရတနာအုတ်မြစ်တော်စီနှင့် ပထမအကြိမ် အလှူတော်ငွေပေးအပ်ပွဲ

မြစ်ကြီးနား     ဇွန် ၂၉           ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ရှမ်းစုမြောက်ရပ်ကွက် ဝန်းသိုဘုန်းတော်ကြီးကျောင်းလမ်း ဧရာဝတီမြစ်ကမ်းဘေးတွင် ငြိမ်းချမ်းရေးဓာတ်တော်တိုက်စေတီတော် တည်ထားကိုးကွယ်နိုင်ရေး အတွက် ပန္နက်တော်တင်၊ တွင်းတော်ဝန်း ရတနာအုတ်မြစ်တော်စီနှင့် ပထမအကြိမ်အလှူတော်ငွေ ပေးအပ်ပွဲ မင်္ဂလာအခမ်းအနားကို ဇွန် ၂၉ ရက် နံနက် ၈ နာရီက အဆိုပါစေတီတော် တည်ထား ကိုးကွယ်မည့် ဝတ္တကမြေနေရာ၌ ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ  ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကေတုမာလာ ထံမှတက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်များက ကိုးပါးသီလခံယူဆောက်တည်ကြပြီး ဆရာ တော်၊ သံဃာတော်အရှင်သူမြတ်များက ပရိတ်တရားတော်များ ချီးမြှင့်ကြသည်။ ထို့နောက် မင်္ဂလာအချိန်တွင် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များနှင့်  ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦး၊ ပြည်နယ်  တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ […]ဆက်လက်ဖတ်ရှူရန်

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် သူနာပြု-သားဖွား ဒီပလိုမာ ပထမနှစ် သင်တန်းသား/သင်တန်းသူ များအား ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းခြင်းအခမ်းအနားသို့တက်ရောက်ချီးမြှင့်

မြစ်ကြီးနား     ဇွန် ၂၈ ကျန်းမာ‌ရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ကချင်ပြည်နယ် မြစ်ကြီးနားသူနာပြုသင်တန်းကျောင်းနှင့် သားဖွားသင်တန်းကျောင်းတို့မှ အရည်ချင်းစစ် စာမေးပွဲ အောင်မြင်ခဲ့ကြသော သူနာပြု-သားဖွားဒီပလိုမာ ပထမနှစ် သင်တန်းသား/သင်တန်းသူများအား ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းခြင်းအခမ်းအနားကို ဇွန် ၂၈ ရက် နံနက် ၉နာရီက သူနာပြု သင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ရာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်  အမှာစကား ပြောကြားသည်။ ရှေးဦးစွာပြည်နယ်ဝန်ကြီးချုပ်က “သူနာပြုနှင့်သားဖွား အတတ်ပညာအား သင်ယူနေကြ‌သော သင်တန်းသား/သင်တန်းသူများအနေဖြင့် အရည်အချင်းပြည့်ဝတဲ့ သူနာပြုများဖြစ်လာရန်အတွက် ပထမခြေလှမ်းအနေနဲ့ သင်တန်းတက်ရောက်နေစဥ်ကတည်းကပင်  သူနာပြုအတတ်ပညာများအား ကျွမ်းကျင် တတ်မြောက်အောင်ဆည်းပူးခြင်း၊ သူနာပြုကျင့်ဝတ်များကို စောင့်ထိန်းခြင်းနှင့် သင်တန်း ကာလတွင် ချမှတ်တဲ့စည်းကမ်းများကို တသွေမသိမ်းလိုက်နာကြပြီး သင်တန်းကာလပြီးဆုံးသည် အထိ ကြိုးစားကြစေလိုကြောင်း၊ ဒါ့အပြင် သူနာပြုဆရာ၊ဆရာမများ ဖြစ်လာသည့်အခါမှာလည်း သူနာပြုတစ်ဦးရဲ့ ကျင့်ဝတ်နဲ့အညီ […]ဆက်လက်ဖတ်ရှူရန်

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးနေ့အထိမ်းအမှတ် လမ်းဘေးဝဲ/ယာများတွင် အရိပ်ရသစ်ပင်များ စုပေါင်းပါဝင်စိုက်ပျိုး

မြစ်ကြီးနား     ဇွန် ၂၇           ဇွန် (၂၇) ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့သစ်ပင်စိုက်ပျိုး‌ရေးနေ့ အထိမ်းအမှတ် ကချင် ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်၍ စုပေါင်း သစ်ပင်စိုက်ပျိုးပွဲကို ဇွန် ၂၇ ရက် နံနက် ၈နာရီက မြစ်ကြီးနားမြို့ တက္ကသိုလ်ဝင်းအတွင်းရှိ မိန်းလမ်းမနှင့် မန်ခိန်‌-ရွှေစက်လမ်းမ၊ ဗလမင်းထင်တံတားမှ ဆွမ်ပရာဘွမ်လမ်းအထိ လမ်းဘေး ဝဲ/ယာများတွင် အရိပ်ရ အပင်များကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။           ရှေးဦးစွာ ကမ္ဘာ့သစ်ပင်စိုက်ပျိုး‌ရေးနေ့ အထိမ်းအမှတ် စိုက်ပျိုးသွားမည့် ပျိုးပင်များအား ပြည်နယ်သယံဇာတ‌ရေးရာဝန်ကြီး ဦးတိန့်ဆောင်နှင့် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြား ရေးမှူး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိတို့က ဖြန့်‌ဝေပေးအပ်ကြရာ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး […]ဆက်လက်ဖတ်ရှူရန်

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

မြစ်ကြီးနားမြို့၌ ပထမအကြိမ် ရှမ်းမျိုးနွယ်စုဝင် တိုင်းလိုင်တိုင်းရင်းသားဘာသာသင် ဆရာ/ ဆရာမ (၆၁)ဦး သင်ရိုးသစ် ဆရာအတတ်သင်(TOT) သင်တန်းဆင်း

မြစ်ကြီးနား     ဇွန် ၂၇           ကချင်ပြည်နယ်အတွင်းရှိ ရှမ်းတိုင်းရင်းသားမျိုးနွယ်စုဝင် တိုင်းလိုင်(ရှမ်းနီ)မျိုးနွယ်စုဝင်များ အတွက်  တိုင်းလိုင် (ရှမ်းနီ)စာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီမှ ကြီးမှူးဖွင့်လှစ်သည့် ပထမအကြိမ် အဖြစ် တိုင်းလိုင်(ရှမ်းနီ)တိုင်းရင်းသားဘာသာသင် ဆရာ/ ဆရာမ (၆၁)ဦးတို့အား ဇွန် ၂၂ ရက်မှ ဇွန် ၂၆ ရက်နေ့အထိ (၅)ရက်ကြာ ဖွင့်လှစ်သင်ကြားခဲ့သော Great – I နှင့် Great II သင်ရိုးသစ် ဆရာ အတတ်သင် (TOT) သင်တန်းဆင်းပွဲကို ဇွန် ၂၆ ရက် နံနက် ၁၁ နာရီတွင် မြစ်ကြီးနားမြို့ ခေမာသီရိ ရပ်ကွက်ရှိ ရှမ်းမျိုးနွယ်စုများဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။           သင်တန်းဆင်းပွဲတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသားလူမျိုးများ၏ […]ဆက်လက်ဖတ်ရှူရန်

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မူးယစ်ဆေးဖြတ်စခန်းများမှ ဦးဆောင်ကျင်းပသည့် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲသို့ တက်ရောက်အားပေးချီးမြှင့်

မြစ်ကြီးနား     ဇွန် ၂၇           အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မြစ်ကြီးနားမြို့နယ်အတွင်းရှိ လူငယ်ပြုစုပျိုးထောင်ရေးနှင့် မူးယစ်ဆေးဖြတ်စခန်း (၇)ခုမှ ဦးဆောင်ကျင်းပသည့် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ဇွန် ၂၆ ရက် ညနေ ၃ နာရီက မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက် ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီချုပ် ဦးခက်ထိန်နန် နှင့် တာဝန်ရှိသူများက တက်ရောက်အားပေးခဲ့ကြသည်။           ရှေးဦးစွာ ပြိုင်ပွဲဝင်ကျင်းပရေးကော်မတီအဖွဲ့ဝင် ဓမ္မဆရာများက ဆုတောင်းဆက်ကပ်ပေး ကြပြီး ကော်မတီအတွင်းရေးမှူးက ဘောလုံးပြိုင်ပွဲကျင်းပပြုလုပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြကာ ပြည်နယ်ဝန်ကြီးချုပ်က အားပေးအမှာစကားပြောကြားသည်။           ယင်းနောက် နောက်ဆုံးဗိုလ်လုပွဲစဉ်အဖြစ် ဂရုဏာလက်လူငယ်ပြုစုပျိုးထောင်ရေးစခန်း (နန်ကျင်)နှင့် New Life (ဘဝအသက်တာသစ်)အသင်းတို့ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးကြရာ ဂရုဏာလက်လူငယ်ပြုစုပျိုးထောင်ရေးစခန်း (နန်ကျင်)အသင်းက ငါးဂိုး […]ဆက်လက်ဖတ်ရှူရန်

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် ရွှေမိုးတောင်စေတီတော်မြတ်ကြီး ၂၀၂၂ ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပွဲနှင့် မြစ်ကြီးနားမြို့ရှိ အခြေခံကျောင်းများအတွင်း စုပေါင်း သန့်ရှင်းရေးလုပ်ငန်းများ

မြစ်ကြီးနား     ဇွန် ၂၅           ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာအတွင်းရှိ ရွှေမိုးတောင် ဆုတောင်းပြည့် စေတီတော် တည်ထားကိုးကွယ်ထားသည့် ရွှေမိုးတောင်တွင် ပြည်နယ်သစ်တောဦးစီးဌာနမှ ဦးဆောင်၍ရွှေမိုးတောင်စေတီတော်မြတ်ကြီး ၂၀၂၂ ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ဇွန် ၂၅ ရက် နံနက် ၇ နာရီခွဲက ကျင်းပပြုလုပ်သည်။           အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီး ဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်မျိုးဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဝိုင်းမော်မြို့နယ်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအသင်း၊ မြို့နယ်အတွင်းရှိ လူမှု ကူညီရေးအသင်းအဖွဲ့များ စုပေါင်း၍ ရွှေမိုးတောင်ခြေရှိ တရားရိပ်သာစခန်းများဘေးမြေကွက်လပ် တွင် ထင်းရှုးပင် […]ဆက်လက်ဖတ်ရှူရန်

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းကျွမ်းကျင်မှု စွမ်းဆောင်ရည် မြှင့်တင်ရေး(ဆင့်ပွား)သင်တန်း (၁/၂၀၂၂) ဆင်းပွဲသို့ တက်ရောက် အမှာစကားပြောကြား

မြစ်ကြီးနား     ဇွန်    ၂၄           ကချင်ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့မှ ဌာနဆိုင်ရာအဖွဲ့အစည်း  ဝန်ထမ်းများအား ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို စွမ်းဆောင်ရည်မြင့်မားစွာဖြင့် ကျေပွန်စွာ ထမ်းဆောင်နိုင်စေရန် ရည်ရွယ်၍ ဇွန် ၂၀ ရက်နေ့မှစတင်၍ (၅)ရက်ကြာဖွင့်လှစ်ခဲ့သည့် ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းကျွမ်းကျင်မှု စွမ်းဆောင်ရည်မြှင့်တင်ရေး (ဆင့်ပွား) သင်တန်း(၁/၂၀၂၂) သင်တန်းဆင်းပွဲကို ယနေ့ နံနက် (၉)နာရီက ပြည်နယ်အစိုးရအဖွဲ့ ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။           သင်တန်းဆင်းပွဲတွင် ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၊ ဗဟိုကော် မတီနာယက၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အထူးအဖွဲ့မှ ဝန်ထမ်းများအနေဖြင့် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို ပိုမိုသိရှိနားလည်ပြီး သင်တန်းမှ သင်ယူထားရှိသည့် သင်ခန်းစာများကို လက်တွေ့နယ်ပယ်နှင့် ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်ပြီး […]ဆက်လက်ဖတ်ရှူရန်

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

(၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ အနှစ်သာရပြည့်ဝပြီး ထူးခြားကောင်းမွန်စွာ ကျင်းပ ပြုလုပ်နိုင်ရေးနှင့် ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ(၃/၂၀၂၂)လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

မြစ်ကြီးနား     ဇွန် ၂၄           (၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ ထူးခြားစည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ် နိုင်ရေးအတွက် အခမ်းအနားအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးမလိခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြောကြားသည်။           လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က လာမည့် ကချင်ပြည်နယ်နေ့သည် ယခင်နှစ်များနှင့် မတူဘဲ (၇၅)နှစ်မြောက် စိန်ရတုနှစ်ဖြစ်သည့်အတွက် အနှစ်သာရပြည့်ဝပြီး ထူးခြား ကောင်းမွန်စွာ ကျင်းပပြုလုပ်သွားရမည်ဖြစ်ကြောင်းနှင့် အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ယနေ့တက်ရောက်လာကြသည့် ဌာနဆိုင်ရာ များအနေဖြင့် ယခင်နှစ်များ၏ အားနည်းချက်/ အားသာချက်များကို သုံးသပ်ဆွေးနွေးပြီး ကြိုတင် ပြင်ဆင်ဆောင်ရွက်နိုင်ရေး အကြံပြုဆွေးနွေးကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။           ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက (၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် […]ဆက်လက်ဖတ်ရှူရန်

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲနှင့် ဒိုင်သင်တန်းဆင်းပွဲသို့ တက်ရောက်အားပေးချီးမြှင့်

မြစ်ကြီးနား     ဇွန် ၂၄           ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ် (အထက်မြန်မာပြည်)က ကြီးမှူးကျင်းပသည့် အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့ အထိမ်းအမှတ် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲနှင့် ဒိုင်သင်တန်းဆင်းပွဲ အခမ်းအနားကို ဇွန် ၂၃ ရက် ညနေ ၄ နာရီက ပြည်နယ်ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ် ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အားပေး၍ ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။           ရှေးဦးစွာ မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ် (အထက်မြန်မာပြည်) တာဝန်ရှိသူများ၊ ဒိုင်အဖွဲ့ ဝင်များ၏ ကြီးကြပ်မှုဖြင့် ကျင်းပသည့် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲအဖြစ် သရဖူ၊ တကောင်ဘွား၊ ဟူးကောင်းကျား၊ စက်ရုံ၊ ကျားဖြူရိုးရာလက်ဝှေ့ကလပ်တို့မှ တွဲဆိုင်း(၅) ဆိုင်းဖြင့် ယှဉ်ပြိုင်ထိုးသတ် မှုကို အားပေးကြည့်ရှုခဲ့ကြပြီး ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာနှင့် ပြည်နယ် […]ဆက်လက်ဖတ်ရှူရန်