ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မြစ်ကြီးနားမြို့၌ တပ်မတော်လေယာဉ်ဖြင့် လာရောက်ပို့ဆောင်သော ကိုဗစ်-၁၉ ကာကွယ်ဆေးများ ရောက်ရှိမှုကို ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား     ဇူလိုင် ၃၀           ကချင်ပြည်နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ် – ၁၉ ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm များကို ဇူလိုင် ၃၀ ရက် မွန်းလွဲ ၂ နာရီ တွင် တပ်မတော်လေယာဉ်ဖြင့် မြစ်ကြီးနားနန်ပေါင်လေဆိပ်သို့ ရောက်ရှိခဲ့ ရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့က သွား ရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။           ယနေ့ တပ်မတော်လေယာဉ်ဖြင့် ရောက်ရှိလာသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ မှာ တရုတ်ပြည်သူသမ္မတနိုင်ထုတ် Sinopharm အမှတ်တံဆိပ်ပါကာကွယ်ဆေး (၈၈၀၀)လုံးနှင့် Sinovacအမှတ်တံဆိပ်ပါ ကာကွယ်ဆေး (၁၅၇၃)လုံးတို့ဖြစ်ပြီး ကာကွယ်ဆေးများကို တပ်မတော် လေယာဉ်မှ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်နှင့် မြောက်ပိုင်းတိုင်းစစ်ဌာန ချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်မြတ်သက်ဦးတို့က လက်ခံရယူခဲ့ကြပြီး လက်ခံရရှိသည့် […]ဆက်လက်ဖတ်ရှူရန်

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေါင်းစန်းပြည်နယ်ခွဲ ပြည်သူ့အစိုးရမှ လှူဒါန်းသည့် ကိုဗစ်-၁၉ ကာကွယ်ကုသရေးသုံးပစ္စည်းများ ပေးပို့လှူဒါန်းမှုကို ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက လက်ခံရယူ

မြစ်ကြီးနား     ဇူလိုင် ၃၀           ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြု နိုင်ရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေါင်စန်းပြည်နယ်ခွဲ ပြည်သူ့အစိုးရမှ ပေးပို့လှူဒါန်း ခဲ့သော ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးသုံးပစ္စည်းများ ပေးပို့လှူဒါန်းမှုကို ဇူလိုင် ၃၀ ရက် နံနက် ၉ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ လွှဲပြောင်း လက်ခံရယူခဲ့ကြသည်။           ပေါင်းစန်းပြည်နယ်ခွဲ ပြည်သူ့အစိုးရထံမှ ပေးပို့လှူဒါန်းသည့် ပစ္စည်းများ လက်ခံရရှိမှုနှင့် ပတ်သက်၍ ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က မိမိတို့ နိုင်ငံနှင့် နှစ်ပေါင်းများစွာ ရင်းနှီးချစ်ကြည် လာသည့် ဆွေမျိုးပေါက်ဖော်များထံမှ ယခုလို ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း များကို လက်တွဲဆောင်ရွက်ခွင့်ရသည့်အပြင် ပြည်နယ်အတွင်း လိုအပ်လျက်ရှိသည့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးသုံးပစ္စည်းများကို လှူဒါန်းပေးအပ်ခဲ့သည့်အတွက် […]ဆက်လက်ဖတ်ရှူရန်

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အူဗျစ်ကျေးရွာ၌ ရပ်/ရွာအခြေပြုကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးနိုင်ရေးနှင့် ကိုဗစ်-၁၉ အတည်ပြုလူနာဆောင်များတွင် အရေးပေါ် အသုံးပြုနိုင်ရေး Oxygen Concentrator

မြစ်ကြီးနား     ဇူလိုင် ၂၉           ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများပြားလာ သည်နှင့်အမျှ မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ကိုဗစ်-၁၉ ကူးစက်ပျံ့ပွားမှုထိန်းချုပ်နိုင်ရေးအ တွက် ရပ်/ရွာအခြေပြု ကိုဗစ်-၁၉ရောဂါပိုးစစ်ဆေးနိုင်ရေးနှင့် ကိုဗစ်-၁၉ အတည်ပြုလူနာဆောင် များတွင် အရေးပေါ်အသုံးပြုရန်အတွက် Oxygen Concentrator ပေးအပ်ခြင်းကို ဇူလိုင် ၂၉ ရက် မွန်းလွဲ ၂ နာရီ တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။           ရှေးဦးစွာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ပြည်နယ်ကောင်စီ အဖွဲ့ဝင်များ၊ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့နယ်အာလမ်ကျေးရွာအုပ်စု၊အူဗျစ် ကျေးရွာနှစ်ခြင်းခရစ်ယာန် ကျောင်းဝင်းအတွင်း၌ ကျေးရွာတာဝန်ခံများ၊ ရပ်မိ/ရပ်ဖများနှင့် တွေ့ ဆုံပြီး ကျေးရွာအတွင်း ကိုဗစ်-၁၉ ‌ရောဂါပိုးတွေ့လူနာတွေ့ရှိမှုအခြေအနေများနှင့် ရောဂါပိုးထိန်း ချုပ်နိုင်ရေးအတွက် ရပ်/ ရွာအခြေပြု ကိုဗစ်-၁၉ရောဂါပိုး စစ်ဆေးပေးနိုင်ရေး ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ […]ဆက်လက်ဖတ်ရှူရန်

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများအတွက် ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ ကုမ္ပဏီလုပ်ငန်းရှင်များ၊ အလှူရှင်များ စုပေါင်း၍ ဆေးရုံးသုံးပစ္စည်းများ အပါအဝင်

မြစ်ကြီးနား     ဇူလိုင် ၂၉           ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြု နိုင်ရေးအတွက် ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ အလှူရှင်များက ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေး နှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ ဆေးရုံးသုံးပစ္စည်းများအပါအဝင် ငွေကျပ်သိန်း ၂၀၀၀ ကျော် ပေးအပ်လှူဒါန်းပွဲကို ဇူလိုင် ၂၉ ရက် နံနက် ၁၀ နာရီတွင် မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပ ပြုလုပ်သည်။           အလှူငွေများ ပေးအပ်လှူဒါန်းပွဲတွင် ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ကုသရေးသည် မိမိတို့ပြည်နယ်ကောင်စီတစ်ခုတည်းဖြင့် ဆောင်ရွက်၍ မရသ ကဲ့သို့ အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ပြည်သူအားလုံးက ပူးပေါင်းပါဝင်မှသာ အကောင်း မွန်ဆုံးနှင့်အသက်သာဆုံးထိန်းချုပ်ကာကွယ်သွားနိုင်မည်ဖြစ်ကြောင်း၊ယခုလိုကာလတွင် ပူးပေါင်း ပါဝင်ပြီး လှူဒါန်းကြသည့် အဖွဲ့အစည်းအသီးသီးနှင့် လူပုဂ္ဂိုလ်များအားလုံးကို ပြည်နယ်သူ/သား […]ဆက်လက်ဖတ်ရှူရန်

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဝိုင်းမော်မြို့ ပြည်သူ့ဆေးရုံဝင်းအတွင်း အောက်စီဂျင်စက်ရုံပင်မအဆောက်အဦတည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား     ဇူလိုင် ၂၈           ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ပြည်နယ်ကောင်စီအဖွဲ့ ဝင်များနှင့်အတူ ဝိုင်းမော်မြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ အတွက် ဝိုင်းမော်မြို့နယ်ပြည်သူ့ဆေးရုံဝင်းအတွင်း အောက်စီဂျင်စက်ရုံ ပင်မအဆောက်အဦတည် ဆောက်နေမှုနှင့် ကိုဗစ်-၁၉ အတည်ပြုလူနာများ သီးသန့်ထားစောင့်ကြည့်နေမှုတို့ကို ဇူလိုင် ၂၈ ရက် မွန်းလွဲ ၂ နာရီခွဲတွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။           ရှေးဦးစွာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ဝိုင်းမော်မြို့ ပြည် သူ့ဆေးရုံ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဆေးရုံအုပ်ကြီး၊ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ ဆုံပြီး မြို့နယ်အတွင်း ကိုဗစ်-၁၉ ဖြစ်ပွားမှုအခြေအနေများနှင့် ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ မေးမြန်းဆွေးနွေးခဲ့ကာ  ဆေးရုံအုပ်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ် ၁၅ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့သည်။           ထို့နောက် ဆေးရုံဝင်းအတွင်း တည်ဆောက်လျက်ရှိသည့် […]ဆက်လက်ဖတ်ရှူရန်

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဆောင်၍ မြစ်ကြီးနားမြို့ ရပ်ကွက်ဈေးများတွင် ဒုတိယအကြိမ် Mask Campaign အစီအစဉ်နှင့် အသံချဲ့စက်များဖြင့် မြို့တွင်း

မြစ်ကြီးနား     ဇူလိုင် ၂၆           မြစ်ကြီးနားမြို့နယ်သည် ကိုဗစ်-၁၉ ကူးစက်မှုနှုန်းမြင့်မားလာသည့်အတွက် နေအိမ်ပြင်ပ ထွက်သွားလာခွင့်ရှိသူများအား မဖြစ်မနေ နှာခေါင်းစည်း Mask တပ်ဆင်သွားလာရေး ကချင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန် ဦးဆောင်ပြီး ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ စုပေါင်း၍  ဇူလိုင် ၂၇ ရက် နံနက် ၇ နာရီတွင် မြစ်ကြီးနားမြို့ ရပ်ကွက်ဈေးများ တွင် ဒုတိယအကြိမ် Mask Campaign အစီအစဉ်ဖြင့် အသိပညာ‌ပေးကို ဆောင်ရွက်ခဲ့ကြသည်။           မြစ်ကြီးနားမြို့ရှိ ရပ်ကွက်ဈေးများတွင် ဒုတိယအကြိမ် Mask Campaign အစီအစဉ်ကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ ပြည်နယ်ကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်ပြည်သူ့ကျန်း မာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ စည်ပင်သာယာ‌ရေးအဖွဲ့ ဝန်ထမ်းများ၊ အောင်ချမ်းသာလူမှုကူညီရေးအသင်းဝင်များက […]ဆက်လက်ဖတ်ရှူရန်

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အလှူရှင်များမှ လှူဒါန်းသည့် Oxygen Concentrator များကို မြစ်ကြီးနားပြည်သူ့ဆေးရုံသို့ လွှဲပြောင်းပေးအပ်ပြီး အောက်စီဂျင်စက်ရုံများတည်ဆောက်ရေး ညှိနှိုင်းဆွေး‌နွေး

မြစ်ကြီးနား     ဇူလိုင် ၂၆           ကချင်ပြည်နယ်အနေဖြင့် ကိုဗစ်-၁၉ ကူးစက်မှုနှုန်းမြင့်မားလာသည့်အတွက် ကိုဗစ်-၁၉ အတည်ပြုလူနာများအား အောက်စီဂျင်လုံလောက်မှုရှိစေရေး၊ ပြတ်လပ်မှုမဖြစ်ပေါ်စေရေးတို့အ တွက် ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၂၆ ရက် မွန်းလွဲ ၁ နာရီတွင် အလှူရှင်များမှ လှူဒါန်းသည့် Oxygen Concentrator များကို မြစ်ကြီးနားပြည်သူ့ဆေးရုံသို့ လွှဲပြောင်းပေးအပ်ခြင်းနှင့် အောက်စီဂျင်စက်ရုံများတည်ဆောက်နိုင်ရေး ညှိနှိုင်းဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။ ရှေးဦးစွာ မြစ်ကြီးနားပြည်သူ့ဆေးရုံ၌ မန္တလေးယူနန်ဗုဒ္ဓဘာသာဘုရားကျောင်းနှင့် မြန်မာ ပြည်ဖွားတရုတ်မျိုးနွယ်စုများအဖွဲ့မှ ဥက္ကဋ္ဌ ဦးတင်ထွန်း ဦးဆောင်အဖွဲ့မှ မြစ်ကြီးနားနှင့် ပူတာအို ပြည်သူ့ဆေးရုံများအတွက် လှူဒါန်းသည့် ငွေကျပ် ၁၄၆၅၀၀၀၀ တန်ဖိုးရှိ Oxygen Concentrator ၁၅ လုံးကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က အလှူရှင်များကိုယ်စား မြစ်ကြီးနားပြည်သူ့ဆေးရုံအုပ်ကြီးဒေါက်တာတင်လှထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး မြစ်ကြီးနားဆေးရုံ အတွက် ၁၀ […]ဆက်လက်ဖတ်ရှူရန်

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဆောင်၍ မြစ်ကြီးနားမြို့၌ Mask Campaign အစီအစဉ်ဖြင့် အသိပညာပေးဆောင်ရွက်

မြစ်ကြီးနား     ဇူလိုင် ၂၆           မြစ်ကြီးနားမြို့နယ်သည် ကိုဗစ်-၁၉ ကူးစက်မှုနှုန်းမြင့်မားလာသည့်အတွက် နေအိမ်တွင် နေထိုင်ရေး Stay At Home အစီအစဉ်တွင် ပါဝင်လာပြီး နေအိမ်ပြင်ပထွက်သွားလာခွင့်ရှိသူများ အား မဖြစ်မနေ နှာခေါင်းစည်း Mask တပ်ဆင်သွားလာရေး ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန် ဦးဆောင်၍ ဌာနဆိုင်ရာများစုပေါင်းကာ ဇူလိုင် ၂၆ ရက် နံနက် ၇ နာရီခွဲတွင် မြစ်ကြီးနားမြို့၌ Mask Campaign အစီအစဉ်ဖြင့် အသိပညာ‌ပေးကို ဆောင်ရွက် ခဲ့ကြသည်။           မြစ်ကြီးနားမြို့၌ Mask Campaign အစီအစဉ်ကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ ပြည်နယ်ကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ခရိုင်၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ စည်ပင်သာယာ‌ရေးအဖွဲ့  ဝန်ထမ်းများက လူအများသွားလာရာနေရာဖြစ်သည့် မြိုမဈေးအမှတ် […]ဆက်လက်ဖတ်ရှူရန်

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မြစ်ကြီးနားမြို့တက္ကသိုလ်ဝင်းအတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာများအား သီးသန့်ထားနိုင်ရေး ပြင်ဆင်ဆောင်ရွက်မှုများကို ကြည့်ရှုစစ်ဆေးပြီး ကူညီပါဝင်ဆောင်ရွက်နေသူများအား ထောက်ပံ့ပေးအပ်

မြစ်ကြီးနား     ဇူလိုင် ၂၅           ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ပြည်နယ်ကောင်စီ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားတက္ကသိုလ်အတွင်းရှိ အဆောင်များ တွင်ကိုဗစ်-၁၉အတည်ပြုလူနာများအတွက် သီးသန့်ထားစောင့်ကြည့်ကုသပေးသွားမည့်အဆောင် များအဖြစ် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများကို ဇူလိုင် ၂၅ ရက် မွန်းလွဲ ၁ နာရီတွင် သွားရောက် ကြည့်ရှုစစ်ဆေးကြသည်။           ရှေးဦးစွာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားတက္က သိုလ်ဝင်းအတွင်းရှိ ဖုန်ဂန်ရာဇီအမျိုးသားဆောင်၌ ကိုဗစ်-၁၉ အတည်ပြုလူနာ (၁၆၀)ဦးတို့အား သီးသန့်ထားစောင့်ကြည့်နိုင်ရေးအတွက် ဌာနဆိုင်ရာများ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် လူနာများအတွက် အသုံးအဆောင်ပစ္စည်းများ စုစောင်းထားရှိမှုကို ကြည့်ရှုစစ် ဆေးခဲ့ကြပြီး သန့်ရှင်းရေးဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြကာ အဆောင် အတွင်း လူနာထားမည့် အခန်းများ၊ စေတနာ့ဝန်ထမ်းများအတွက် နားနေဆောင်များ ပြင်ဆင်ထား ရှိမှုနှင့် […]ဆက်လက်ဖတ်ရှူရန်

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အတွက် အောက်စီဂျင်ပြတ်လပ်မှုမရှိစေရေး ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     ဇူလိုင် ၂၄           ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် အောက်စီဂျင်လိုအပ်ချက် မြှင့်တက်မှုရှိလာသည်နှင့်အမျှ ပြည်နယ်အတွင်း အောက်စီဂျင်ပြတ်လပ်မှုမရှိစေရေးအတွက် ဇူလိုင် ၂၄ ရက် နံနက် ၈ နာရီခွဲတွင် ပြည်နယ်စီမံအုပ် ချုပ်ရေးကောင်စီရုံး၊ မလိခခန်းမ၌ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။           ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော် မတီဥက္ကဋ္ဌ၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦခက်ထိန်နန်က ကိုဗစ်-၁၉ ဖြစ်ပွားမှုများပြား လာသည်နှင့်အမျှ နေ့စဉ် အောက်ဆီဂျင်လိုအပ်ချက်သည် မြင့်တက်လာပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်နယ်အတွင်း အောက်စီဂျင်လုံလောက်မှုရှိစေရေးနှင့် ပြတ်လပ်မှုမဖြစ်ပေါ်စေရေး လိုအပ်ချက် များနှင့်စပ်လျဉ်း၍ အကြံပြုဆွေးနွေးကြစေလိုကြောင်း၊ မိမိတို့အနေဖြင့် မဖြစ်မနေ ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသကဲ့သို့ အဖွဲ့အစည်းအသီးသီးအနေဖြင့် လည်းလိုအပ်ချက်များကိုပံ့ပိုးကူညီပေးနိုင်ရေးအတွက်ပွင့်ပွင့်လင်းလင်းဆွေးနွေးကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။           ယင်းနောက် ကော်မတီအတွင်းရေးမှူး၊ ကောင်စီအဖွဲ့ဝင် […]ဆက်လက်ဖတ်ရှူရန်