ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်၍ မြစ်ကြီးနားလေဆိပ် သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်၍ မြစ်ကြီးနားလေဆိပ် သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

မြစ်ကြီးနား     အောက်တိုဘာ ၁၆

          ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်၍ မြစ်ကြီးနားလေဆိပ်အဆောက်အဦများ ပတ်ဝန်း ကျင်နှင့် လေဆိပ်ဝင်း အတွင်း/အပြင်တို့တွင် ဌာနဆိုင်ရာများ၊ တပ်ရင်း/တပ်ဖွဲ့များ၊ လူမှုရေးအ သင်းအဖွဲ့များ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်ခြင်းကို အောက်တိုဘာ ၁၆ ရက် နံနက် ၇ နာရီခွဲတွင် ဆောင်ရွက်ခဲ့ကြသည်။

          ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေ ချုပ်နှင့် ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ တပ်ရင်း/တပ်ဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များက လေဆိပ် ဧရိယာပြင်ပ လမ်းဘေးဝဲ/ယာများနှင့် လေဆပ်ဧရိယာအတွင်းရှိ သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်း လင်းခြင်း၊ အမှိုက်များ ကောက်ယူခြင်း၊ မြေယာရှုခင်းအလှပင်များအား ပြုပြင်ခြင်းလုပ်ငန်းများ စုပေါင်းဆောင်ရွက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လေဆိပ်ပုရဝဏ်အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြကာ ပြည်နယ်၏ မြို့တော်လေဆိပ်ဖြစ်သည့်အတွက် အမြဲသန့်ရှင်းသာယာလှပ စေပြီး မြေယာရှုခင်းများ ပြုပြင်ရေး၊ အလှပန်းပင်များနှင့် အရိပ်ရအပင်များ စိုက်ပျိုးရေးနှင့် ကား ပါကင်စသည့် လိုအပ်ချက်များ ဆောင်ရွက်နိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်စပ်နေသော သတင်းများ