ကချင်ပြည်နယ်ဝန်ကြီးချုပ်က ထိန်ချုံးပြည်နယ်ခွဲမှ အဖွဲ့အစည်းများနှင့် မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံကောင်စစ်ဝန်ချုပ်ရုံးတို့မှ လှူဒါန်းသည့် Oxygen Concentrator များ နှင့် ကာကွယ်ရေးသုံးပစ္စည်းများကို လက်ခံရယူပြီး ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်

 ကချင်ပြည်နယ်ဝန်ကြီးချုပ်က ထိန်ချုံးပြည်နယ်ခွဲမှ အဖွဲ့အစည်းများနှင့် မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံကောင်စစ်ဝန်ချုပ်ရုံးတို့မှ လှူဒါန်းသည့် Oxygen Concentrator များ နှင့် ကာကွယ်ရေးသုံးပစ္စည်းများကို လက်ခံရယူပြီး ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်

မြစ်ကြီးနား     စက်တင်ဘာ ၇

          ကချင်ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန်ရေးကော်မတီသို့ တရုတ်ပြည် သူ့သမ္မတနိုင်ငံ၊ ထိန်ချုံးပြည်နယ်ခွဲမှ အဖွဲ့အစည်းများနှင့် မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးတို့မှ Oxygen Concentrator များနှင့် ကာကွယ်သုံးပစ္စည်းများ လှူဒါန်းမှုကို စက်တင်ဘာ ၇ ရက် နံနက် ၁၀ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး ဆမားဒူဝါဆင် ဝါးနော်ခန်းမ၌ ပြုလုပ်သည်။

          ရှေးဦးစွာ Tengchong(ထိန်ချုံး) Federation of Returned Overseas Chinese နှင့် Red Cross Society of Tengchong City အဖွဲ့များမှ လှူဒါန်းသည့် ကိုဗစ်-၁၉ ကာကွယ်ကုသရေး သုံးပစ္စည်းများလက်ခံရယူရာတွင် ပြည်နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်‌ရေးကော် မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် မိမိတို့နှင့် နယ်နမိတ်ချင်းထိစပ်လျှက်ရှိသည့် ယူနန်ပြည်နယ်အတွင်းရှိ ထိန်းချုံး၊ ပေါင်စန်းပြည်နယ်ခွဲများ သည် စီးပွားရေး၊ ယဉ်ကျေးမှုများ ထိစပ်ဖလှယ်နေသကဲ့သို့ ယခုလို ကိုဗစ်-၁၉ ကပ်ရောဂါကာလ အတွင်းမှာလည်း အိမ်နီးခြင်းကောင်းပီသစွာ အတူတကွလက်တွဲပြီး ကိုဗစ်-၁၉ ရောဂါတိုက်ဖျက် ရေးကို စဉ်ဆက်မပြတ် ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးနေသည့်အတွက် ပြည်နယ်သူ/ သားများ ကိုယ်စား ကျေးဇူးအထူးတင်ရှိကြောင်း ပြောကြားသည်။

          ထို့နောက် Tengchong Federation of Returned Overseas Chinese နှင့် Red Cross Society of Tengchong City အဖွဲ့များမှ လှူဒါန်းသည့် ၂ ယောက်သုံး Oxygen Concentrator  (၁၀) လုံးနှင့် ဆက်စပ်ပစ္စည်းများ၊ နှာခေါင်းစည်း Mask များနှင့် ကာကွယ်ရေးသုံးပစ္စည်းများကို တာဝန်ခံကိုယ်စားလှယ်က ထောက်ပံ့ပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က လက်ခံရယူပြီး ကျေးဇူး တင်ဂုဏ်ပြုမှတ်တမ်းလွှာ ထောက်ပံ့ပေးအပ်ခဲ့သည်။

          ယင်းနောက် မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးမှ လှူဒါန်းသည့် Oxygen Concentrator နှင့် ကာကွယ်ရေးသုံးပစ္စည်းများကို ဆက်လက်ပေးအပ်လှူ ဒါန်းရာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ကောင်စစ်ဝန်ချုပ်ရုံးမှ ပေးအပ်လှူဒါန်း သည့် ငွေကျပ်သိန်း ၂၀၀၀ တန်ဖိုးရှိ Oxygen Concentrator အလုံး ၁၅၀၊ နှာခေါင်းစည်း Mask အခု ၄ သိန်းအပါအဝင် ကာကွယ်ရေးသုံးအထောက်အကူပြုပစ္စည်းများကို ပေးအပ်လှူဒါန်းမှုကို လက်ခံ ရယူပြီး ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ခဲ့သည်။

ဆက်စပ်နေသော သတင်းများ