ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးသော နိုင်ငံသား စိစစ်ရေးကတ်ပြားများအား ဒုတိယအကြိမ်အဖြစ် ရပ်ကွက်နေပြည်သူများထံပေးအပ်

 ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးသော နိုင်ငံသား စိစစ်ရေးကတ်ပြားများအား ဒုတိယအကြိမ်အဖြစ် ရပ်ကွက်နေပြည်သူများထံပေးအပ်

မြစ်ကြီးနား     မေ ၂၉

          အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့သော နိုင်ငံသား စိစစ်ရေးကတ်ပြားကို ဒုတိယအကြိမ်အဖြစ် မြစ်ကြီးနားမြို့၊ ဒူကထောင်ရပ်ကွက်နှင့် မြို့သစ်ကြီး ရပ်ကွက်နေပြည်သူများအတွက် ပေးအပ်ပွဲကို မေ ၂၉ ရက် နံနက် (၉)နာရီတွင် မြစ်ကြီးနားမြို့ စုပေါင်း ရုံးဝင်းအတွင်းရှိ မနောရွှေပြည်ခန်းမ၌ ကျင်းပပြုလုပ်သည်။

          ရပ်ကွက်နေပြည်သူများအား နိုင်ငံသားစိစစ်ရေကတ်ပြားများပေးအပ်ပွဲတွင် ပြည်နယ်စီမံအုပ် ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို တာဝန်ယူဆောင်ရွက်ပြီးခဲ့သည့်နောက် နိုင်ငံတော်ရှေ့ဆက်သွားမည့် ရှေ့လုပ်ငန်း စဉ် (၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ချမှတ်ကာ နိုင်ငံတော်၏ တာဝန်များကို ဆောင်ရွက်လျက်ရှိကြောင်း၊ ရှေ့လုပ်ငန်းစဉ်(၅)ရပ်အရ လွတ်လပ်ပြီးတရားမျှတသော အထွေထွေရွေးကောက်ပွဲ ပြန်လည်ကျင်းပ သွားမည်ဖြစ်သည့်အတွက် ဥပဒေအရ ရွေးကောက်ပွဲကျင်းပမည့်နေ့တွင် အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံ သား၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူများကို မဲပေးခွင့်ရရှိအောင် ပန်းခင်းစီမံချက်ရေးဆွဲပြီး တစ်နိုင်ငံလုံးရှိ တိုင်းရင်းသားအားလုံး နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိရေးအတွက် မြို့နယ်အသီးသီး တွင် ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း၊ မိမိတို့ ကချင်ပြည်နယ်တွင် ဒုတိယအကြိမ်အဖြစ် ယနေ့ရပ် ကွက်နေပြည်သူများအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ရခြင်းဖြစ်ကြောင်းနှင့် စီမံချက် အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများများက မိမိ တို့တာဝန်ယူဆောင်ရွက်ရမည့် ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း တိုက်တွန်းမှာ ကြားသည်။

          ထို့နောက် ပြည်နယ်ဦးစီးမှူး၊ ညွှန်ကြားရေးမှူးဦးဝင်းရဲထွန်းက ပန်းခင်းစီမံချက်ဖြင့် ကချင်ပြည် နယ်တစ်ဝှမ်း မြို့နယ်အသီးသီးပြည်သူများအတွက် ဆောင်ရွက်ပေးလျက်ရှိသည့် အိမ်ထောင်စုစာရင်း နှင့် ကိုင်ဆောင်လက်မှတ်ထုတ်ပေးနိုင်ရေး ဆောင်ရွက်နေမှုအခြေအနေများနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား၏ နိုင်ငံသားဖြစ်တည်မူအတွက် အရေးပါမှုတို့ကို ရှင်းလင်းပြောကြားသည်။

          ယင်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ပြည်နယ်ကောင်စီအဖွဲ့ဝင်များနှင့် ပြည် နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဥပဒေချုပ်တို့က ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက် ပြီးစီးခဲ့သော ဒူကထောင်ရပ်ကွက်ရှိ ပြည်သူ (၂၇)ဦးနှင့် မြို့သစ်ကြီးရပ်ကွက်ရှိ ပြည်သူ (၁၁၀)ဦး တို့အတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို အသီးသီးပေးအပ်ခဲ့ကြသည်။

          ထိုမှတစ်ဆင့် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့၊ သီတာရပ်ကွက်အတွင်းရှိ လဝကဝန်ထမ်းအိမ်ရာများ ပြင်ဆင်ဆောင်ရွက်နိုင်ရေးနှင့် ဝန်ထမ်းအိမ်ရာ သွားလမ်း ခင်းကျင်းဆောင်ရွက်ပေးနိုင်ရေး ကြည့်ရှုစစ်ဆေးခဲ့သည်။

          အဆိုပါ ပန်းခင်းစီမံချက်ဖြင့်မြစ်ကြီးနားမြို့နယ်ဦးစီးမှူးရုံးမှ ပထမအကြိမ်အဖြစ် ဂျာမိုင်ကောင်း ရပ်ကွက်၊ KBC နေရပ်စွန့်ခွာစခန်းနေပြည်သူများအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေး နိုင်ခဲ့ပြီး ကချင်ပြည်နယ်အတွင်း ပန်းခင်း စီမံချက် ကာလ (၃.၅.၂၀၂၁) ရက်မှ (၃.၁၁.၂၀၂၂) ရက်နေ့ အထိ ပြည်နယ်အတွင်းရှိ ကိုင်ဆောင်လက်မှတ်မရှိသူ (၂၀၁၃၆၆)ဦးခန့်အတွက် ဆောင်ရွက်ပေးသွား ရမည်ဖြစ်ကြောင်း သိရှိရသည်။

ဆက်စပ်နေသော သတင်းများ